ရုရှားရဲ့ကိုယ်ပိုင်နည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ ဒီဂျစ်တယ်နည်းပညာသုံး မီတာဖတ်ယူတဲ့စနစ်နဲ့ သုံးစွဲသူတွေက မီတာခပေးဆောင်နိုင်တဲ့ စမတ်မီတာစနစ်ကို မြန်မာနိုင်ငံမှာ အသုံးပြုနိုင်ဖို့အတွက် ဆွေးနွေးနေတယ်လို့ သိရပါတယ်။လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ဟာ ရုရှားဖက်ဒရေးရှင်းသမ္မတနိုင်ငံရှိ Telematic Solution ကုမ္ပဏီလီမိတက်ရဲ့ အမှုဆောင်အရာရှိချုပ် ဗလာဒီမာပါရှင်းနဲ့ ဇွန် ၄ ရက် က ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့ရှိ EXPOFORUM Convention and Exhibition Centre မှာ တွေ့ဆုံချိန်မှာ အခုလို ဆွေးနွေးခဲ့ တာပါ။

တွေ့ဆုံစဉ် ရုရှားရဲ့မီတာဖတ်ယူတဲ့စနစ်နဲ့ သုံးစွဲသူတွေက မီတာခပေးဆောင်နိုင်တဲ့စနစ် မြန်မာနိုင်ငံမှာ အသုံးပြုနိုင်ဖို့အတွက် ရင်းနှီးမြှုပ်နှံပြီး နည်းပညာ လွှဲပြောင်းပေးအပ်နိုင်ဖို့ကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
အဲဒီအပြင် မြန်မာနိုင်ငံမှာ လက်ရှိအသုံးပြုနေတဲ့စနစ်မှာ ပေါင်းစပ်ပြီး အဆင့်မြှင့်တင်သွားနိုင်မဲ့ကိစ္စရပ်တွေကို ပါ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ရုရှားဖက်ဒရေးရှင်းသမ္မတနိုင်ငံ စိန့်ပီတာစပတ်မြို့မှာကျင်းပနေတဲ့ (၂၉)ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံ တကာ စီးပွားရေးဖိုရမ်မျက်နှာစုံညီအစည်းအဝေးကို မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးညိုစောဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့တာဖြစ်ပါတယ်။




