စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ဇွန်လ ၅ ရက် စက်သုံးဆီရည်ညွှန်း ဈေးတွေ ထုတ်ပြန်ချက်အရ စက်သုံးဆီဈေးနှုန်းတွေ အနည်းငယ်ကျဆင်းသွားတာကို တွေ့ရပါတယ်။ဇွန်လ ၅ ရက်အတွက် စက်သုံးဆီရည်ညွှန်းဈေးတွေအရ ရန်ကုန်မြို့မှာ အောက်တိန်း 92 တစ်လီတာကို ၄၃၄၅ ကျပ်၊ အောက်တိန်း 95 တစ်လီတာကို ၄၃၈၅ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာကို ၄၂၂၀ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီ တာကို ၅၁၁၅ ကျပ် သတ်မှတ်ထားပါတယ်။

ဒီဈေးနှုန်းတွေဟာ အရင်နေ့က ဈေးနှုန်းတွေနဲ့နှိုင်းယှဉ်ကြည့်ရင် အောက်တိန်း 92 တစ်လီတာကို ၂၁၅ ကျပ်၊ အောက်တိန်း 95 တစ်လီတာကို ၂၃၅ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာကို ၃၇၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာကို ၄၃၅ ကျပ် ကျဆင်းသွားတာပါ။လက်ရှိမှာ ပြည်တွင်းစက်သုံးဆီဈေးနှုန်း တည်ငြိမ်စေဖို့နဲ့ ပြည်သူတွေအဆင်ပြေစွာ ဝယ်ယူသုံးစွဲနိုင်ဖို့ ရိုးရိုးဒီဇယ် တင်သွင်းမှုအတွက် အထူးကုန်စည်ခွန်နဲ့ ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့် ပြုထားတယ်လို့ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနကနေ သိရပါတယ်။


