ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှာ Happy Monsoon & Back to School ပွဲတော်ကို လာမဲ့ မေလ တတိယပတ်မှာ ကျင်းပသွားမှာ ဖြစ်တယ်လို့ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကနေ သိရပါတယ်။အခုပွဲတော် ကျင်းပရတာက ကျောင်းပြန်တက်ရတော့မဲ့ သားငယ်၊ သမီးငယ်တွေနဲ့အတူ မိုးကာလကို ကြိုဆိုတဲ့ အနေနဲ့ ကျင်းပတာဖြစ်တယ်လို့ ဆိုပါတယ်။

ပွဲတော်ရက်တွေအတွင်း ကလေးတွေအတွက် Baby Talent Show ၊ ရင်သပ်ရှုမောဖွယ် မျက်လှည့်ပြကွက်တွေ၊ JOY Band ရဲ့ တေးဂီတ ဖျော်ဖြေ တင်ဆက်မှုတွေ၊ ချစ်စရာကောင်းတဲ့ ငှက်လိမ္မာ လေးတွေနဲ့ ဓာတ်ပုံရိုက်ကူး တာတွေ၊ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အတွင်းက တိရစ္ဆာန်လေးတွေရဲ့ စိတ်ဝင်စားဖွယ်ကောင်းတဲ့ ထူးခြားချက် လေးတွေနဲ့ အထွေထွေဗဟုသုတတွေကို ဆွေးနွေး ပြောပြပေးသွားမဲ့ Talk Show အစီအစဉ်တွေ၊ ကလေးတွေ ပါဝင်လို့ရမဲ့ ဂိမ်းအစီအစဉ်တွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။ဒါ့အပြင် ပွဲတော်ရက်ကာလအတွင်း လာရောက်လည်ပတ်ကြတဲ့ မိဘပြည်သူတွေအတွက် ကျောင်းသုံးနဲ့ လူသုံးကုန်ပစ္စည်းတွေ၊ စားသောက်ဖွယ်ရာတွေကို ရောင်းချပေးမဲ့ ဈေးဆိုင်ခန်း များစွာလည်း ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။




