ရွှေ (ကျေးလက် နှင့် မြို့ပြ) ဖွံ့ဖြိုးတိုးတက်ရေးဘဏ်ရဲ့ ၁၁ ခုမြောက် ဘဏ်ခွဲဖြစ်တဲ့ မြဝတီဘဏ်ခွဲကို မေလ ၇ ရက်၊ မနက်ပိုင်းက ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် (၂) ရပ်ကွက်၊ ဘုရင့်နောင်လမ်းမကြီးပေါ်မှာ ဖွင့်လှစ်လိုက်ပါတယ်။

အဲဒီ ဘဏ်ခွဲမှာတော့ ငွေစုဝန်ဆောင်မှု၊ ငွေသွင်း/ငွေထုတ်ဝန်ဆောင်မှု၊ Business Loan ဝန်ဆောင်မှု၊ Mobile Banking ဝန်ဆောင်မှု၊ ATM ကတ် ဝန်ဆောင်မှု စတဲ့ ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုတွေကို အများပြည်သူ တွေအတွက် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။

အခုဖွင့်လှစ်လိုက်တဲ့ မြဝတီဘဏ်ခွဲအပါအဝင် SHWE Bank ဟာ နိုင်ငံတစ်ဝန်းရှိ ဘဏ်ခွဲ ၁၁ ခုနဲ့ လုပ်ငန်း လည်ပတ်နေပြီး ဘဏ်လုပ်ငန်း ဝန်ဆောင်မှုတွေပေးနေတာ ဖြစ်ပါတယ်။




