ပြည်တွင်းပြည်ပဈေးကွက်တွေမှာ တရုတ်ပြိုင်ဘက်တွေရဲ့ယှဉ်ပြိုင်မှုမြင့်တက်လာတာနဲ့ ရင်ဆိုင်နေရတဲ့ Samsung Electronics ဟာ နှစ်နှစ်ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် ကုမ္ပဏီရဲ့ တီဗီအကြီးအကဲကို အစား ထိုးခဲ့ကြောင်း Reuters ရဲ့သတင်းကို ကိုးကားပြီး channelnewsasia မှာ ဖော်ပြပါတယ်။

အရင်က ကမ္ဘာလုံးဆိုင်ရာ စျေးကွက်ရှာဖွေရေးရုံးရဲ့ အကြီးအကဲဖြစ်ခဲ့ဖူးတဲ့ လီဝမ်ဂျင်း (Lee Won-jin)ကို Visual Display Business လုပ်ငန်းရဲ့အကြီးအကဲသစ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။ အကြံပေးအဖြစ် ပြောင်းလဲတာဝန် ထမ်းဆောင်မဲ့ Yong Seok-woo ရဲ့နေရာကို သူက အစားထိုး ဝင်ရောက်ထမ်းဆောင်တာဖြစ်တယ်လို့ Samsung က မေ ၄ ရက်မှာ ကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။စီမံခန့်ခွဲမှု အပြောင်းအလဲတွေကို Samsung က နှစ်စဉ် ဒီဇင်ဘာလဝန်းကျင်မှာ ပြုလုပ်လေ့ရှိပြီး အစားထိုးရတဲ့ အကြောင်းရင်းကို ကုမ္ပဏီက ထုတ်ဖော်ပြောကြားတာ မရှိဘူးလို့ သိရပါတယ်။




