ရထားလမ်းတွေ ကောင်းမွန်ရေးအတွက် ရထားလမ်းတွေအားလုံးကို တတ်နိုင်သလောက် အဆင့်မြှင့်တင်ပေးသွား မယ်လို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောပါတယ်။ဧပြီ ၂၀ ရက်က နိုင်ငံတော်သမ္မတရုံးမှာကျင်းပတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အခုလို ပြောကြားလိုက်တာပါ။

လတ်တလောအနေနဲ့ ရန်ကုန်-မန္တလေးလမ်း၊ ရန်ကုန်-မော်လမြိုင်လမ်း၊ ရန်ကုန်-ပြည်လမ်းတို့ကို အဆင့်မြှင့်တင် ပေးသွားမှာဖြစ်ပြီး မြစ်ကြီးနား-မိုးကောင်း-မိုးညှင်း ရထားလမ်းမှာလည်း တံတားပြင်ဆင်တာတွေ၊ လမ်းပြင်ဆင် တာတွေ ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ရထားလမ်းတွေအပြင် ရထားစက်ခေါင်းတွေ၊ တွဲတွေနဲ့ စက်ရုံတွေ အဆင့်မြှင့်တင်တာတွေကိုလည်း ဆောင်ရွက် ပေးသွားမယ်လို့ ဦးမင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။




