မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့ ယောဝရက်ကွက် ဧရာဝတီမြစ်နဲ့ယောချောင်းဆုံရပ်မှာ ရွှေဆိပ်ဖြူ လမ်း လျှောက်သင်္ကြန်ပွဲတော် စည်ကားစွာ ကျင်းပနိုင်ဖို့ ကြိုတင်ပြင်ဆင် ဆောင်ရွက်နေတယ်လို့ လမ်းလျှောက်သင်္ကြန် ပွဲတော်ကျင်းပရေးကော်မတီကနေ သိရပါတယ်။

ကြိုတင်ဆောင်ရွက်ရာမှာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌရဲ့ ဦးဆောင်မှုနဲ့ လမ်းလျှောက် သင်္ကြန် ပွဲတော်ကျင်းပရေးကော်မတီက လမ်းလျှောက်သင်္ကြန်မဏ္ဍပ်တည်ဆောက်တာ၊ ရေကစားဖို့အတွက် ရေလုံလောက်စွာရရှိရေး ရေပိုက်လိုင်း၊ ရေပန်းတွေ စီမံဆောင်ရွက်တာ၊ စတုဒိသာ ကျွေးမွေးမယ့် နေရာတွေ ကြိုတင်စီမံ ဆောင်ရွက်နေတာဖြစ်ပါတယ်။ အဲဒီလို ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေက လိုက်လံကြည့်ရှုပြီး လိုအပ်တာတွေကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။




