OpenAI ရဲ့ အမှုဆောင်အရာရှိချုပ် ဆမ် အော့မန်း (Sam Altman) ရဲ့ ဆန်ဖရန်စစ္စကိုမြို့မှာရှိတဲ့ နေအိမ်ဟာ ဧပြီလ ၁၀ ရက် မနက်အစောပိုင်းမှာ မီးပုလင်းနဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ CNN သတင်းမှာ ဖော်ပြထားပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး အသက် ၂၀ အရွယ် အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ချက်ချင်းဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဧပြီလ ၁၀ ရက် မနက် ၄ နာရီ ၁၂ မိနစ်ဝန်းကျင်လောက်မှာ ဆန်ဖရန်စစ္စကိုမြို့၊ Russian Hill အရပ်က ဆမ် အော့မန်း (Sam Altman) ရဲ့ နေအိမ်ခြံဝင်းတံခါးကို သံသယရှိသူက မီးပုလင်းနဲ့ ပစ်ပေါက်ခဲ့တာပါ။

အဲဒီလို မီးပုလင်းနဲ့ ပစ်ပေါက် ခဲ့တာကြောင့် ခြံဝင်းတံခါးအပြင်ဘက်မှာ မီးလောင်မှုအနည်းငယ် ဖြစ်ပွားခဲ့ပေမယ့် အိမ်ထဲအထိ ကူးစက်မှု မရှိခဲ့ဘူးလို့ သိရပါတယ်။ တိုက်ခိုက်သူကတော့ အခင်းဖြစ်ပွားပြီးနောက် ထွက်ပြေးသွားခဲ့ပါတယ်။နေအိမ်ကို တိုက်ခိုက်ပြီး တစ်နာရီမပြည့်ခင်မှာပဲ အဲဒီအမျိုးသားဟာ OpenAI ရဲ့ Mission Bay မှာရှိတဲ့ ရုံးချုပ်ဆီကို ရောက်ရှိလာပြီး အဆောက်အအုံကို မီးရှို့ဖျက်ဆီးပစ်မယ်လို့ ထပ်မံ ခြိမ်းခြောက်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီနေရာမှာ တင် ရဲတပ်ဖွဲ့က သူ့ကို မှတ်မိသွားပြီး ဖမ်းဆီးOpenAI စီအီးအိုနေအိမ် အလစ်ဝင်ရောက်တိုက်ခိုက်ခံရOpenAI ရဲ့ အမှုဆောင်အရာရှိချုပ် ဆမ် အော့မန်း (Sam Altman) ရဲ့ ဆန်ဖရန်စစ္စကိုမြို့မှာရှိတဲ့ နေအိမ်ဟာ ဧပြီလ ၁၀ ရက် မနက်အစောပိုင်းမှာ မီးပုလင်းနဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ CNN သတင်းမှာ ဖော်ပြထားပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး အသက် ၂၀ အရွယ် အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ချက်ချင်းဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဧပြီလ ၁၀ ရက် မနက် ၄ နာရီ ၁၂ မိနစ်ဝန်းကျင်လောက်မှာ ဆန်ဖရန်စစ္စကိုမြို့၊ Russian Hill အရပ်က ဆမ် အော့မန်း (Sam Altman) ရဲ့ နေအိမ်ခြံဝင်းတံခါးကို သံသယရှိသူက မီးပုလင်းနဲ့ ပစ်ပေါက်ခဲ့တာပါ။

အဲဒီလို မီးပုလင်းနဲ့ ပစ်ပေါက် ခဲ့တာကြောင့် ခြံဝင်းတံခါးအပြင်ဘက်မှာ မီးလောင်မှုအနည်းငယ် ဖြစ်ပွားခဲ့ပေမယ့် အိမ်ထဲအထိ ကူးစက်မှု မရှိခဲ့ဘူးလို့ သိရပါတယ်။ တိုက်ခိုက်သူကတော့ အခင်းဖြစ်ပွားပြီးနောက် ထွက်ပြေးသွားခဲ့ပါတယ်။နေအိမ်ကို တိုက်ခိုက်ပြီး တစ်နာရီမပြည့်ခင်မှာပဲ အဲဒီအမျိုးသားဟာ OpenAI ရဲ့ Mission Bay မှာရှိတဲ့ ရုံးချုပ်ဆီကို ရောက်ရှိလာပြီး အဆောက်အအုံကို မီးရှို့ဖျက်ဆီးပစ်မယ်လို့ ထပ်မံ ခြိမ်းခြောက်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီနေရာမှာ တင် ရဲတပ်ဖွဲ့က သူ့ကို မှတ်မိသွားပြီး ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
ထိန်းသိမ်းနိုင်ခဲ့တယ်လို့ သိရပါတယ်။




