စင်ကာပူမှာ Clade Ib လို့ခေါ်တဲ့ mpox အပျော့စားလက္ခဏာတွေရှိတဲ့ မျိုးကွဲသစ်ဗိုင်းရပ်စ်ပိုးကို အမျိုးသားနှစ်ဦးမှာ တွေ့ရှိခဲ့ကြောင်း The Nation Thailand သတင်းမှာဖော်ပြထားပါတယ်။ ဗိုင်းရပ်စ်ဟာ အနီးကပ် ဒါမှမဟုတ် ကြာရှည် ရုပ်ပိုင်းဆိုင်ရာထိတွေ့မှုကနေတစ်ဆင့် ကူးစက်လေ့ရှိပေမယ့် ကူးစက်ပျံ့နှံ့မှုနည်းပါးတယ်လို့ ကျန်မား ရေးအရာရှိတွေကပြောပါတယ်။

လူနာနှစ်ဦးစလုံးရဲ့လက်ရှိအခြေအနေမှာ ရောဂါလက္ခဏာအနည်းငယ်သာပြတဲ့ အတွက် တည်ငြိမ်တဲ့ အခြေအနေမှာရှိတယ်လို့ သတင်းပို့ထားပါတယ်။ ရောဂါကူးစက်မှုဟာလိင်ဆက်ဆံမှုကတစ်ဆင့်ကူးစက်နိုင်ဖွယ်ရှိတယ်လို့လည်း ကျန်းမာရေးအရာရှိတွေကသတိပေးပြောကြားထားပါတယ်။




