အီရန်ရှိ စွမ်းအင်စက်ရုံတွေအပေါ် တိုက်ခိုက်မှုကို လာမယ့် ဧပြီလအထိ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်က ခေတ္တရပ်ဆိုင်းလိုက်တယ်လို့ CNN သတင်းမှာ ဖော်ပြထားပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်က စွမ်းအင်စက်ရုံတွေအပေါ် တိုက်ခိုက်မှုကို ဧပြီလအထိ ခေတ္တရပ်ဆိုင်းထားမယ်လို့ ပြောကြားခဲ့သလို အီရန်နဲ့ ဆွေးနွေးမှုတွေက “ အလွန်ကောင်းမွန်တယ်”လို့လည်း ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် အီရန်အရာရှိ တစ်ယောက်ကတော့ စစ်ပွဲအဆုံးသတ်ဖို့အတွက် အမေရိကန်ရဲ့ အဆိုပြုချက်ဟာ “ တစ်ဖက်သတ်ဆန်ပြီး မမျှ တ” ဘူးလို့ ပြန်လည် ပြောကြားထားပါတယ်။ လေးပတ်ကြာ စစ်ပွဲဟာ အရှေ့အလယ်ပိုင်းတစ်ဝှမ်းကို ပျံ့နှံ့ သွားခဲ့ပြီး လူထောင်ပေါင်းများစွာ သေဆုံးခဲ့ရသလို စွမ်းအင်ဈေးနှုန်းတွေလည်း မြင့်တက်လာခဲ့ကာ ကမ္ဘာ့စီး ပွားရေးကို များစွာ ထိခိုက်စေခဲ့ပါတယ်။

ဒါ့အပြင် ကမ္ဘာလုံးဆိုင်ရာ ငွေကြေးဖောင်းပွမှုအပေါ် စိုးရိမ်မှုတွေ ကိုလည်း ပိုမို ဆိုးရွားစေခဲ့ပါတယ်။ အမေရိကန်သမ္မတ ဒေါနယ်လ်ထရမ့်ကတော့ အခုအချိန်မှာ အီရန်အနေနဲ့ အပစ်အခတ် ရပ်စဲရေးကို သဘောမတူဘူးဆိုရင် အီရန်အစိုးရအနေနဲ့ ဆိုးရွားတဲ့ အကျိုးဆက်တွေကို ရင်ဆိုင်ရ လိမ့်မယ်လို့ သတိပေးထားပါတယ်။



