ဒီနေ့ မတ်လ ၂၁ ရက်နေ့မှာကမ္ဘာ့ရွှေဈေးဟာ တစ်အောင်စကို အမေရိကန် ဒေါ်လာ ၄၆၀၀ ခန့် ရောက်ရှိလာပြီး ပြန်လည်ကျဆင်းလာတယ်လို့ Reuters သတင်းက ဖော်ပြပါတယ်။ စျေးနှုန်းကျသွားရတဲ့ အဓိက အကြောင်းအရင်းကတော့ ဗဟိုဘဏ် ရဲ့ ဘဏ်အတိုးနှုန်းနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်ကြောင့် ဖြစ်ပါတယ်။

အရင်ကတော့ အမေရိကန်ဗဟိုဘဏ် အနေနဲ့ ၂၀၂၆ မှာ ဘဏ်အတိုးနှုန်း တစ်ကြိမ်ထက် မကလျှော့ချမယ်ဆိုတဲ့ လက္ခဏာတွေ ပြခဲ့ပေမယ့် အခုတော့ ဘဏ်အတိုးနှုန်းကို မလျှော့ဘဲ ဒီတိုင်းဘဲ ဆက်ထားလိုက်ပါတယ်။ အခုလို ဆုံးဖြတ်ချက်ကလည်း U.S PPI ဒေတာ ထွက်လာပြီးနောက်ပိုင်း ပပြုလုပ်လိုက်တာဖြစ်တဲ့အတွက် ရွှေနဲ့ ငွေစျေးနှုန်းဟာ ဗဟိုဘဏ် ရဲ့ သတင်းထွက်မလာခင် ကတည်းက ကျလာခဲ့တာ ဖြစ်ပါတယ်။

PPI ဒေတာဟာ ခန့်မှန်းထားတာထက် အများကြီး တက်လာတာကို တွေ့ရပြီး၊ ဒါဟာ ငွေကြေးဖောင်းပွမှု မြင့်မားလာတယ်ဆိုတာကို ပြသနေတာပါ။ အခုလိုဖြစ်ရတဲ့ အခြားအကြောင်းအရင်းတွေကတော့ အရှေ့အလယ်ပိုင်းက စစ်ရေးဖြစ်ပြီးအထူးသဖြင့် ဟောမုဇ်ရေလက်ကြား ပိတ်ပင်မှုနဲ့ စွမ်းအင်အဆောက်အဦတွေကို ပစ်မှတ်ထား တိုက်ခိုက်လာခြင်းတို့ကြောင့် ဖြစ်ပါတယ်။




