အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက သမ္မတထရမ့်နဲ့ တူညီတဲ့သဘောထားရှိကြောင်း အချက်ပြပြီး အီရန်အပေါ် အဆုံးထိ စစ်ရေးဆင်နွှဲသွားမယ်လို့ မတ်လ ၂၀ရက်မှာပြောကြားလာတာကို CNN သတင်းမှာဖော်ပြထားပါတယ်။
အီရန်စစ်ပွဲဟာ သုံးပတ်ကြာကာလာကို ရောက်ရှိလာတာနဲ့အမျှ နေတန်ယာဟုနဲ့ သမ္မတ ဒေါ်နယ်ထရမ့် နှစ်ယောက်စလုံးဟာ လမ်းကြောင်းပြောင်းဖို့ ရည်ရွယ်ချက်မရှိကြပါဘူး။

အထူးသဖြင့် တီဟီရန်က ဟော်မုဇ်ရေလက်ကြားကို ထိထိရောက်ရောက် ပိတ်လိုက်ပြီး ပင်လယ်ကွေ့ဒေသ စွမ်းအင်စက်ရုံတွေကို တိုက်ခိုက်ပြီးနောက် မတ်လ ၁၉ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုရဲ့ နှုတ်ကနေ ပထမဆုံးထွက်လာတဲ့ စကားလုံးတချို့ဟာ “သမ္မတ ထရမ့်ရဲ့ အမြော်အမြင်ရှိတဲ့ ခေါင်းဆောင်မှု အောက်မှာ” အီရန်အပေါ် တိုက်ခိုက်မှုတွေဆက်လုပ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ထရမ့်လိုပဲ နေတန်ယာဟုကလည်း စစ်ပွဲမှာ မပါဝင်တဲ့ နိုင်ငံတွေကိုလည်း ဝေဖန်ပြောကြားခဲ့ပါတယ်။




