မြန်မာနိုင်ငံ သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီအနေနဲ့ ဥပဒေက အပ်နှင်းထားတဲ့တာဝန်နဲ့ဝတ္တရားတွေအတိုင်း သက်ကြီးပုဂ္ဂိုလ်တွေရဲ့ဘဝ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အခွင့်အရေးတွေကို ဖော်ဆောင်ပေးကြရမှာဖြစ်တယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ပြောပါတယ်။

မတ်လ(၃)ရက်က လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေး ခန်းမမှာပြုလုပ်တဲ့ မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာကော်မတီရဲ့ နဝမအကြိမ်မြောက်အစည်းအဝေးမှာ ကော်မတီရဲ့ဥက္ကဋ္ဌလည်းဖြစ်တဲ့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက အခုလို ထည့်သွင်းပြောကြားခဲ့တာ။သဘာဝဘေးအန္တရာယ်နဲ့အရေးပေါ်အခြေအနေတွေမှာ သက်ကြီးပုဂ္ဂိုလ်တွေအတွက် အထူးကာကွယ်ရေးအစီ အစဉ်တွေ ထည့်သွင်းပေးတာ၊ မိသားစုအခြေပြုစောင့်ရှောက်မှုကို အားပေးမြှင့်တင်တာနဲ့ လူငယ်တွေကို သက် ကြီး ပုဂ္ဂိုလ်စောင့်ရှောက်မှုလုပ်ငန်းတွေရဲ့ အရေးပါမှုကို အသိပညာပေးတာတွေ ဆောင်ရွက်ပေးရမှာ ဖြစ်တယ် ပါတယ်။

ဒါ့အပြင် သက်ကြီးပုဂ္ဂိုလ်တွေဟာ အသက်အရွယ်အပိုင်းခြားကြောင့် ဝင်ငွေရရှိမှုနည်းပါးတာ၊ နာတာရှည်ရောဂါ အပါအဝင် မသန်စွမ်းမှုဆိုင်ရာတွေနဲ့ ကြုံတွေ့ရတာ၊ မိသားစုဖွဲ့စည်းပုံပြောင်းလဲမှုကြောင့် အထီးကျန်ဆန်မှုတွေ ခံစားနေရ တာ၊ သဘာဝဘေးအန္တရာယ်နဲ့ အရေးပေါ်အခြေအနေတွေမှာ ထိခိုက်လွယ်တာတို့ကို ရင်ဆိုင်နေရ တယ်လို့ဆို ပါတယ်။ ဒါ့ကြောင့် သက်ကြီးပုဂ္ဂိုလ်တွေအတွက် ကျန်းမာရေးဝန်ဆောင်မှုတွေတိုးချဲ့တာ၊ ရပ်ရွာအခြေပြုစောင့်ရှောက်မှု စနစ်တွေ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်တာနဲ့ ကဏ္ဍအလိုက် သက်ကြီးပုဂ္ဂိုလ်တွေ ပါဝင်နိုင်ရေး အခွင့်အလမ်း တွေ ဖန်တီးပေးတာတို့ကိုလည်း လုပ်ဆောင်ပေးရမယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ပြောကြားခဲ့ ပါတယ်။




