အိန္ဒိယနိုင်ငံ တောင်ပိုင်း ကီရာလာ ပြည်နယ်မှာ နီပါးဗိုင်းရပ်စ် ကူးစက်မှုတွေ ထပ်မံပေါ်ပေါက်လာတာကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းတွေနဲ့ သိပ္ပံပညာရှင်တွေကြားမှာ စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာနေတယ်လို့ APသတင်းမှာဖော်ပြထားပါတယ်။

ဒီဗိုင်းရပ်စ်ဟာ ကုသဖို့ ဆေးဝါး ဒါမှမဟုတ် ကာကွယ်ဆေး မရှိသေးတဲ့အပြင် သေဆုံးမှုနှုန်း အလွန်မြင့်မားတာကြောင့် ကမ္ဘာ့ကျန်းမာရေးအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေတာပါ။ဒီဗိုင်းရပ်စ် ကူးစက်ခံရသူတွေရဲ့ ၄၀ ရာခိုင်နှုန်းကနေ ၇၅ ရာခိုင်နှုန်းအထိဟာ သေဆုံးနိုင်ခြေရှိပါတယ်။ ဒါဟာ ကိုဗစ်-၁၉ ထက် အဆပေါင်းများစွာ ပိုပြီး ပြင်းထန်တဲ့နှုန်း ဖြစ်ပါတယ်။

လင်းနို့ တွေဆီကနေ လူဆီကို တိုက်ရိုက်ဖြစ်စေ၊ ဝက်တွေကတစ်ဆင့်ဖြစ်စေ ကူးစက်နိုင်ပြီး လူအချင်းချင်းလည်း ပြန်လည်ကူးစက်နိုင်ပါတယ်။လက်ရှိအချိန်အထိ နစ်ပါးဗိုင်းရပ်စ်အတွက် သီးသန့်ကုသပေးနိုင်တဲ့ ဆေး ဒါမှမဟုတ် ကာကွယ်ဆေး မရှိသေးဘဲ ဝေဒနာသက်သာအောင်ပဲ လုပ်ဆောင်ပေးနိုင်တာ ဖြစ်ပါတယ်။



