ပါကစ္စတန်နိုင်ငံကို တရားဝင် ခရီးစဉ်ရောက်ရှိနေတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ဟာဇန်နဝါရီ ၂၇ ရက်က ဝန်ကြီးချုပ်ရုံးမှာ ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ မိုဟာမက် ရှီဘက် ရှာရစ်ဖ်နဲ့တွေ့ ဆုံပြီး နှစ်နိုင်ငံကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်နိုင်ရေး ဆွေးနွေးခဲ့ပါတယ်။

တွေ့ဆုံရာမှာ မြန်မာ-ပါကစ္စတန် နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်ရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေး၊ စွမ်းအင်၊ ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှုကဏ္ဍတို့အပါအဝင် နှစ်နိုင်ငံ အပြန်အလှန် အကျိုးဖြစ်ထွန်းစေမဲ့ ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပါတယ်။ဆက်လက်ပြီး နှစ်နိုင်ငံအကြား အာဆီယံအပါအဝင်ဒေသတွင်းနဲ့ နိုင်ငံတကာစာမျက်နှာတွေမှာ ပူးပေါင်းဆောင် ရွက်မှုတိုးမြှင့်ရေး စတဲ့ ကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေဟာ ပါကစ္စတန်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြား ရေးဝန်ကြီး မစ္စတာ မိုဟာမက် အီရှပ်ဒါးရဲ့ ဖိတ်ကြားချက်အရ ပါကစ္စတန်နိုင်ငံကို တရားဝင်ခရီးစဉ် ရောက်ရှိနေ တာဖြစ်ပါတယ်။




