စိုက်ပျိုးရေး၊ မွေးမြူးရေးနဲ့ ရေလုပ်ငန်း လုပ်ကိုင်နေကြတဲ့သူတွေ ကြွေးမြီကင်းရှင်းရေးနဲ့ ကုန်ဈေးနှုန်း ကျဆင်းရေးကို ရက်ပေါင်း၁၀၀ စီမံချက်မှာ ဆောင်ရွက်ပေးမယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် PR မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ်လောင်း၊ လက်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောပါတယ်။

ရှေးဦးစွာ လူထုတွေ့ဆုံပွဲ အခမ်းနားကို တက်ရောက်လာကြသူတွေက နိုင်ငံတော်အလံကို အလေးပြုပြီး နိုင်ငံတော်သီချင်း သီဆိုခဲ့ကြပါတယ်။အဲဒီနောက် ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် PR မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော် ကိုယ်စားလှယ်လောင်း လက်ရှိ လက်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ တိုင်းဒေသကြီးလွှတ်တော်(FPTP)စနစ် ရေကြည်မြို့နယ်မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ်လောင်း၊ လက်ရှိ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်(FPTP)မဲဆန္ဒနယ် အမှတ်၁ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးရန်နိုင်ဝင်းနဲ့ ရေကြည်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီဥက္ကဋ္ဌ၊ ရေကြည်မဲဆန္ဒနယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ်လောင်းဒေါ်အိအိချောတို့က ပြည်သူလူထုကို ဟောပြောစည်းရုံးခဲ့ကြတယ်လို့ သိရပါတယ်။




