(၇၈) ကြိမ်မြောက် တိပိဋကဓရ တိပိဋက ကောဝိဒ ရွေးချယ်ရေးစာမေးပွဲ အောင်စာရင်းတွေကို ဇန်နဝါရီ ၂၂ ရက်မှာ ထုတ်ပြန်ကြေညာခဲ့ရာ (၁၈) ပါးမြောက် တိပိဋက ဓရ တိပိဋက ကောဝိဒ ဆရာတော် ပေါ်ထွန်းခဲ့တယ်လို့ သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက သိရပါတယ်။

တိပိဋကဓရ တိပိဋက ကောဝိဒ ရွေးချယ်ရေး ဩဝါဒါစရိယ ဆရာတော်ကြီးတွေ နဲ့ တိပိဋကဓရ တိပိဋက ကောဝိဒ ရွေးချယ်ရေး အဖွဲ့ရဲ့ နှစ်ဖွဲ့ပေါင်း အစည်းအဝေးဆုံးဖြတ်ချက်အရ အောင်စာရင်းတွေကို ထုတ်ပြန်ကြေညာခဲ့တာပါ။(၁၈) ပါးမြောက် တိပိဋက ဓရ တိပိဋက ကောဝိဒ သာသနာ့ အာဇာနည် ဆရာတော် အဖြစ် ပေါ်ထွန်းခဲ့သူဟာ ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ တိပိဋက မဟာဂန္ထဝင် နိကာယ်ကျောင်းတိုက်က အရှင် ဝိစိတ္တသာရ သက်တော် (၅၁) နှစ်၊ သိက္ခာ တော်(၃၁)ဝါဖြစ်တယ်လို့ သိရပါတယ်။

ပထမအကြိမ်ကနေ အခု (၇၈) ကြိမ်အထိ တိပိဋကဓရ တိပိဋက ကောဝိဒ ဆရာတော် (၁၈) ပါးသာ ပေါ်ထွန်းခဲ့ဖူးပြီး ပထမဆုံး ပေါ်ထွန်းတော်မူခဲ့တဲ့ တိပိဋကဓရ တိပိဋက ကောဝိဒ ဆရာတာ်ကတော့ မင်းကွန်းဆရာတော် ဘုရားကြီးဖြစ်ပါတယ်။(၇၈) ကြိမ်မြောက် တိပိဋကဓရ တိပိဋက ကောဝိဒ ရွေးချယ်ရေး စာမေးပွဲကိုတော့ (၂၀၂၅) ခုနှစ်၊ ဒီဇင်ဘာ (၂၁) ရက်ကနေ (၂၀၂၆) ခုနှစ် ၊ ဇန်နဝါရီ (၂၂) ရက်ထိ (၃၃) ရက်တိုင်တိုင် အောင်မြင်စွာ ကျင်းပ ပြီးစီးခဲ့တာ ဖြစ်ပါတယ်။




