စစ်ဘက်ဆိုင်ရာ ဝယ်ယူရေးဖြည့်တင်းရေးကန်ထရိုက်လုပ်ငန်းတွေမှာ ဖြစ်ပေါ်တဲ့ အဂတိလိုက်စားမှုဆိုင်ရာ စုံစမ်း စစ်ဆေးမှု တစ်ခုအရ စစ်တပ်အကြီးအကဲဟောင်းတစ်ယောက်နဲ့ အခြားလေးယောက်ကို ဇန်နဝါရီ ၇ ရက်က ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း CNA သတင်းမှာ ဖော်ပြပါတယ်။

စုံစမ်းစစ်ဆေးရေးမှာ ပါဝင်နိုင်ဖို့အတွက် ဖမ်းဆီးထားတဲ့ စစ်ဦးစီးချုပ်ဟောင်းနဲ့ သူရဲ့ဇနီးနှစ်ယောက်ကို ဆက်လက်ထိန်းသိမ်းထားခွင့်ရဖို့ ဇန်နဝါရီ ၈ ရက်မှာ တရားရုံးအမိန့်ကို လျှောက်ထားမှာဖြစ်ကြောင်း မလေးရှား အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ဇန်နဝါရီ ၇ ရက် နှောင်းပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဖမ်းဆီးခံရသူတွေရဲ့အမည်တွေကို မဖော်ပြပေမဲ့ ထုတ်ပြန်ချက်တွေကို မလေးရှား အဂတိတိုက်ဖျက်ရေးကော်မ ရှင်(MACC )ရုံးချုပ်မှာ အစောပိုင်းက မှတ်တမ်းတင်ထားတယ်လို့ ဆိုပါတယ်။ အခြားနှစ်ယောက်ကိုလည်း ဆက်လက် စုံစမ်းစစ်ဆေးဖို့ ထိန်းသိမ်းထားတယ်လို့ ကော်မရှင်က ပြောပါတယ်။

လာဘ်ပေးလာဘ်ယူမှု အစီအစဉ်မှာ ပါဝင်တယ်လို့ စွပ်စွဲထားတဲ့ကုမ္ပဏီအများအပြားကို ဝင်ရောက်စီးနင်းကာ သံသယရှိသူနဲ့ သူတို့ရဲ့ မိသားစုဝင်တွေပိုင်တဲ့ ဘဏ်အကောင့်ခြောက်ခုကို ဆိုင်းငံ့ထားတယ်လို့လည်း ဖော်ပြထား ပါတယ်။




