မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီးကျွင်း ဦး ဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ အောက်တိုဘာ ၁၄ ရက်က နေပြည်တော်ရှိ တပ်မတော်ဧည့်ဂေဟာမှာ လာရောက် ဂါရဝပြု တွေ့ဆုံခဲ့ပြီး ရွေးကောက်ပွဲ ကျင်းပပြုလုပ်ချိန်မှာ တရုတ်နိုင်ငံ အပါအဝင် နိုင်ငံတကာက ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေ ဖိတ်ခေါ်ထားမှု အခြေအနေတွေကို ဆွေးနွေးခဲ့ပါတယ်။

တွေ့ဆုံပွဲကို နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနဲ့အတူ ကော်မရှင် အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင် နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)က ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုဦး၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ်နဲ့ အထူးကိုယ်စား လှယ်အဖွဲ့ဝင်တွေ တက်ရောက်ကြပါတယ်။တွေ့ဆုံရာမှာ NCA လက်မှတ်ရေးထိုးရာမှာ တရုတ်နိုင်ငံ အပါအဝင် နိုင်ငံတကာက အသိသက်သေတွေ ပါဝင်ခဲ့မှု အခြေအနေတွေ၊ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေး ထား ကူညီဆောင်ရွက်ပေးနေမှုနဲ့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုအပေါ် အလေးထားမှုအခြေအနေ တွေကို ဆွေးနွေးကြပါတယ်။

ဆက်လက်ပြီး မြန်မာ-တရုတ် နှစ်နိုင်ငံဟာ အိမ်နီးချင်းကောင်းနိုင်ငံတွေ ဖြစ်တာနဲ့အညီ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးစွာနဲ့ အေးအတူ ပူအမျှ မဟာဗျူဟာမြောက် ဆက်ဆံရေးရှိတဲ့ အခြေအနေတွေ မြန်မာနိုင်ငံမှာ ဒီဇင်ဘာလ အတွင်း ရွေးကောက်ပွဲ ကျင်းပပြုလုပ်ဖို့အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေတဲ့ အခြေအနေတွေ နဲ့ ရွေးကောက်ပွဲ ကျင်းပမယ့်အပေါ် တရုတ်နိုင်ငံအနေနဲ့ အားပေးထောက်ခံတဲ့ အခြေအနေတွေ၊ နှစ်နိုင်ငံ နယ်စပ် ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ နှစ်နိုင်ငံအကြား ချစ်ကြည် ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လက်မြှင့်တင် ဆောင်ရွက်သွားမယ့် အခြေအနေတွေကို ဆွေးနွေး ကြပါတယ်။တွေ့ဆုံပွဲအပြီးမှာ နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ်ကို ရွေးကောက်ပွဲ ကျင်းပပြုလုပ်စဉ် အသုံးပြုမဲ့ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM)တွေကို ပြသရာ ရွေး ကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေက မဲပေးစက်ရဲ့ လုပ်ငန်းလုပ်ဆောင်မှု အဆင့်ဆင့်ကို ရှင်းလင်းပြသခဲ့ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ်ရဲ့ သိရှိလိုတဲ့ မေးမြန်းမှုတွေကို ပြန်လည်ဖြေ ကြားခဲ့ပါတယ်။




