မန္တလေးမြို့မှာ ဖွင့်လှစ်ရောင်းချနေတဲ့ ရွှေဆိုင်ကြီးတွေမှာ အမျိုးသားတွေ ဝင်ရောက်တာကို တားမြစ် ကန့်သတ် တာမျိုး မရှိဘူးလို့ ဒေသခံရွှေဆိုင်တွေရဲ့ပြောကြားချက်အရ သိရပါတယ်။

မန္တလေးမှာရှိတဲ့ရွှေဆိုင်တချို့မှာ အမျိုးသား မဝင်ရဆိုပြီး တားမြစ်တာမျိုး ရှိလာတယ်ဆိုတဲ့ သတင်းတွေ လူမှု ကွန်ရက်မှာ ထွက်ပေါ်နေတဲ့အပေါ် မေးမြန်းကြည့်ရာမှာ အခုလို ပြောကြားလာကြတာ ဖြစ်ပါတယ်။အဲဒီတားမြစ်ချက်နဲ့ပတ်သက်ပြီး မန္တလေးမှာ ဖွင့်လှစ်ရောင်းချနေတဲ့ နာမည်ကြီးရွှေဆိုင်ကြီးတွေကတော့ သူတို့ ဆိုင်တွေမှာ အမျိုးသားဝင်ရောက်ခွင့်ကို တားမြစ်ထားတာမျိုး မရှိဘူးလို့ One News ကို ပြောပါတယ်။မန္တလေးမှာ ရွှေဆိုင်တွေ မကြာခဏ ဓားပြတိုက်ခံနေရတာတွေကြောင့် ရွှေဆိုင်တွေအနေနဲ့ လုံခြုံရေးကိုတော့ ပိုပြီး ဂရုစိုက်လာကြတယ်လို့ သိရပါတယ်။




