ကျွန်းရဲ့ အရှေ့တောင်ဘက်ကမ်းရိုးတန်းမှာ တိုင်ဖွန်း Podul (ပိုဒဲလ်)ဝင်ရောက် တိုက်ခတ်နိုင်ခြေရှိတာကြောင့် ဘေးလွတ် ရာကို ရွှေ့ပြောင်းကြဖို့ ဒီကနေ့ ဩဂုတ် ၁၂ ရက်မှာ တရုတ်(တိုင်ပေ) အာဏာပိုင်တွေက သတိပေးပြောကြားလာ တာကို Reuters သတင်းမှာ ဖော်ပြထားပါတယ်။

မုန်တိုင်းအရှိန်ကြောင့် အနီးအနားရှိဒေသတွေမှာ ရေကြီးတာနဲ့ စံချိန်တင်လေပြင်းတိုက်ခိုက်တာတွေ ဖြစ်ပေါ်လာ နိုင်တယ်လို့ အာဏာပိုင်တွေက ပြောကြားထားပါတယ်။တရုတ်(တိုင်ပေ)ကို တိုင်ဖွန်းမုန်တိုင်းတွေက နှစ်စဉ် ပုံမှန်တိုက်ခတ်လေ့ရှိပြီး ယေဘုယျအားဖြင့် တောင်ထူထပ်ပြီး လူဦးရေကျဲပါးတဲ့ အရှေ့ဘက်ကမ်းရိုးတန်းတစ်လျှောက် ပစိဖိတ်ကို မျက်နှာမူထားလေ့ ရှိပါတယ်။အင်အားအလယ်အလတ်ရှိ တိုင်ဖွန်း Podul က တစ်နာရီကို ၁၅၅ ကီလိုမီတာ (၉၆ မိုင်)နှုန်းနဲ့ တိုက်ခတ်နေပြီး လက်ရှိမှာ ပိုမိုအားကောင်းလာကာ အရှေ့တောင်ဘက် Taitung(တိုင်တန်း) မြို့ကို ဦးတည်ရွေ့လျားနေပြီး ဩဂုတ် ၁၃ ရက် မှာ ကုန်းတွင်းပိုင်းကို ဝင်ရောက်မှာဖြစ်တယ်လို့ မိုးလေဝသတာဝန်ရှိသူတွေက ပြောပါတယ်။

Hualien (ဟူလန်း)အရှေ့ပိုင်းခရိုင်မှာလည်း အရင်တုန်းက တိုင်ဖွန်းမုန်တိုင်းကြောင့် မြေပြိုမှုဖြစ်ပွားပြီးနောက် ဖြစ်ပေါ်လာ တဲ့ သဘာဝ ဆည်တစ်ခုကနေ ရေလျှံတဲ့အန္တရာယ်ကို ကာကွယ်ဖို့အတွက် လူပေါင်း ၇၀၀ လောက် နေအိမ်တွေ ကနေ ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။