မန္တလေးတိုင်းဒေသကြီးမှာ ဧပြီလ ၇ ရက် မနက်ပိုင်းက အချိန်အခါမဟုတ် မိုးရွာသွန်းခဲ့တယ်လို့ သိရပါတယ်။အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက် မန္တလေးမြို့မှာ ဧပြီ ၅ ရက်၊ ညပိုင်းကလည်း လေပြင်းတိုက်ပြီး မိုးရွာ သွန်းခဲ့တာကြောင့် ငလျင်ဒဏ်သင့်ပြည်သူတွေ ခိုလှုံနေကြတဲ့ ယာယီတဲတချို့ ပျက်စီးခဲ့ပြီး ကျုံးဘေး ပတ်လည်နဲ့ ကွင်းပြင်တွေမှာ ခိုလှုံနေကြသူတွေရဲ့ ယာယီတဲတွေလည်း အမိုးလန်တာ၊ လွင့်စဉ်ပျက်စီးတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့ မန္တလေးတောင်ခြေ၊ အောင်မြေသာစံမြို့နယ်၊ ၆၅ လမ်းနဲ့ တောင်ဘက် ၁၂ လမ်း၊ ကျုံးမြို့ရိုး၊ မြောက်ဘက်မှာရှိတဲ့ သုဓမ္မာဇရပ်နဲ့ ဇရပ်အနောက်ဘက်တွေမှာ ယာယီနေထိုင်ခိုလှုံ နေထိုင်နေကြပြီး ယာယီနေထိုင်ခိုလှုံနေထိုင်သူတွေအတွက် အစားသောက်၊ ဆေးဝါးနဲ့ ယာယီတဲ၊ စောင်၊ ခြင်ထောင်နဲ့ ခေါင်းအုံး တွေ အရေးပေါ် လိုအပ်နေတယ်လို့ သိရပါတယ်။