ရတနာပုံနန်းမြို့ရိုးဟာမန္တလေးမြို့ရဲ့ အထင်ကရ ယဉ်ကျေးမှုအမွေအနှစ်ဖြစ်တဲ့အတွက်ရှေးမူမပျက်ပြုပြင်ထိန်းသိမ်းသွားမယ်လို့ရှေးဟောင်းသုတေသနနှင်ွအမျိုးသားပြတိုက်ဦးစီးဌာန(မန္တလေးဌာနခွဲ,)ကနေသိရပါတယ်။ ပြုပြင်ထိန်းသိမ်းရာမှာ မန္တလေးနန်းမြို့ရိုးအရှေ့ဘက်၊တောင်ဘက်မြို့ရိုးတွေမှာရှိတဲ့ ထောင့်(၁)ရှိ ကြမ်းခင်းတွေပြန်လည်ပြုပြင်တာ၊သရဲခို ၂၅ လုံးကိုအသစ်ပြန်လည်ပြုပြင်တာတွေကိုမြန်မာ နိုင်ငံအင်ဂျင်နီယာအသင်းချုပ်နဲ့မန္တလေးရှေးဟောင်းသုတေသနဌာနခွဲမှတာဝန်ရှိသူတွေကလုပ်ဆောင်နေတာဖြစ်ပါတယ်။ဒါ့အပြင်မန္တလေးနန်းမြို့ရိုးအောက်ခြေမှာရေစီးရေလာကောင်းစေဖို့မူလမြို့ရိုးနဲ့မြို့ရိုးအသစ်မျက်နှာပြင်ညီညာစေရေးအပြင်ပြသာဒ်တွေမှာတိမ်းစောင်းနေတဲ့မှန်ကင်းတိုင်တွေကိုပြန်လည်တည့်မတ်အောင်ဆောင်ရွက်သွားမယ်လို့သိရပါတယ်။ ပြအိုးတွေမှာရှိတဲ့ကြာမှောက်ကြာလှန်တွေဖောင်းရစ်တွေညီညာစေဖို့ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်းဆိုပါတယ်။မန္တလေးငလျင်ကြီးကြောင့်(၄၈၃၉)ပေ၊ သူရဲခို (၁၂၅၅) လုံး၊ မြိုရိုးဝင်ပေါက် ပြအိုးနဲ့ ပြာသာဒ်ဆောင် (၉)ခု၊ မီးတား (၁၂)ခု ...