ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းနဲ့ပြည်နယ်တချိုမှာ နောက်နှစ်ရက်အတွင်း မိုးဆက်လက် ရွာသွန်းနိုင် တယ်လို မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက မေလ ၂ ရက် မွန်းလွဲ ၂ နာရီအချိန်မှာ ထုတ်ပြန်ပါ တယ်၊၊နောက်နှစ်ရက်အတွက်ခန့်မှန်းချက်အရ မကွေးတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်တွေမှာ နေရာကွက်ကျား မိုးရွာနိုင် ပြီး နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းဒေသကြီး တွေနဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်နဲ့ ရှမ်းပြည်နယ်တွေမှာ နေရာကျဲကျဲကနေ နေရာစိပ်စိပ် မိုးထစ်ချုန်း ရွာသွန်းနိုင်တယ်လို ဆိုပါတယ်၊၊

ဘင်္ဂလားပင်လယ်အော်အခြေအနေနဲ့ပတ်သက်ပြီး ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တိုမှာ တိမ် အနည်းငယ်ကနေ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး မိုးတိမ်တောင် ဖြစ်ပေါ်မှုအခြေအနေကတော့ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်တွေမှာ မိုးတိမ်တောင်တွေ ဖြစ်ထွန်းနေပြီး အဲဒီ မိုးတိမ်တောင်ကြောင့် မိုးရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာနဲ့ မိုးသီးကြွေတာ စတဲ့ မိုးလေဝသဖြစ်စဉ်တွေ ဖြစ်ပေါ်နိုင်တယ်လိုလည်း ထုတ်ပြန်ထားပါတယ်၊၊