စစ်တောင်း၊ ရွှေကျင်နဲ့ သံလွင်မြစ်ရေတွေဟာ မြို့ ၄ မြို့မှာ စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်မြင့်တက်နေတယ် လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဩဂုတ်လ ၁ ရက်၊ မနက် ၇ နာရီခွဲ အချိန်မှာ ထုတ်ပြန်ပါ တယ်။စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့မှာ စိုးရိမ်ရေမှတ်အထက် ပေဝက်ကျော်၊ မဒေါက်မြို့မှာ စိုးရိမ်ရေမှတ်အထက် ၅ ပေလောက် ကျော်လွန်နေပါတယ်။

ဒါ့အပြင် ရွှေကျင်မြစ်ရေက ရွှေကျင်မြို့မှာ စိုးရိမ်ရေမှတ်အထက် ၁ ပေကျော်၊ သံလွင်မြစ်ရေက ဘားအံမြို့မှာ စိုးရိမ်ရေမှတ် အထက် ၆ ပေကျော် ကျော်လွန်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။မြစ်ရေတက်နေတဲ့ တောင်ငူ၊ ရွှေကျင်၊ ဘားအံနဲ့မဒေါက်မြို့အတွင်းက မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းတွေမှာ နေထိုင်သူတွေအနေနဲ့ ရေဘေးလွတ်တဲ့ နေရာတွေကို ရှောင်ရှားကြဖို့လည်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက အသိပေး နှိုးဆော်ထားပါတယ်။