မြစ်ရေတွေဟာ မြို့ ၆ မြို့မှာ စိုးရိမ်ရေမှတ်အထက် ကျော်လွန်ရောက်ရှိနေတယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ဇူလိုင် ၂၅ ရက်၊ မနက် ၇ နာရီခွဲအချိန်မှာ ထုတ်ပြန်ပါတယ်။စစ်တောင်းမြစ်ရေဟာ မဒေါက်မြို့မှာ အဲဒီမြို့ရဲ့ စိုးရိမ်ရေမှတ်အထက်ကို ၃ ပေခွဲလောက် ကျော်လွန်နေပြီး နောက် တစ်ရက်အတွင်း ပေဝက်လောက် ကျဆင်းလာနိုင်ကာ အဲဒီမြို့ရဲ့ စိုးရိမ်ရေမှတ်အထက်မှာ ဆက်လက်တည်ရှိ နိုင်တယ်လို့ ဆိုပါတယ်။

ရွှေကျင်မြစ်ရေကလည်း ရွှေကျင်မြို့မှာ အဲဒီမြို့ရဲ့ စိုးရိမ်ရေမှတ်အထက်ကို ၁ ပေခွဲလောက် ကျော်လွန်နေပြီး နောက်တစ်ရက်အတွင်း ပေဝက်လောက် ကျဆင်းလာနိုင်ကာ အဲဒီမြို့ရဲ့ စိုးရိမ်ရေမှတ်အထက်မှာ ဆက်လက် တည်ရှိနိုင်တယ်လို့ ထုတ်ပြန်ပါတယ်။သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ အဲဒီမြို့ရဲ့ စိုးရိမ်ရေမှတ်အထက်ကို ၁ ပေခွဲလောက် ကျော်လွန်နေပြီး နောက် တစ်ရက်အတွင်း ၁ ပေလောက် မြင့်တက်လာနိုင်ကာ အဲဒီမြို့ရဲ့ စိုးရိမ်ရေမှတ်အထက်မှာ ဆက်လက်တည်ရှိနိုင် ပါတယ်။ဒါ့အပြင် သောင်ရင်းမြစ်ရေကလည်း မြဝတီမြို့မှာ အဲဒီမြို့ရဲ့ စိုးရိမ်ရေမှတ်အထက်ကို ၁၂ ပေလောက် ကျော်လွန် နေပြီး နောက်တစ်ရက်အတွင်း ၃ ပေလောက် ကျဆင်းလာနိုင်ကာ အဲဒီမြို့ရဲ့ စိုးရိမ်ရေမှတ်အထက်မှာ ဆက်လက် တည်ရှိနိုင်ပါတယ်။

ငဝန်မြစ်ရေကလည်း ငါးသိုင်းချောင်းမြို့မှာ အဲဒီမြို့ရဲ့ စိုးရိမ်ရေမှတ်အထက်ကို ၂ လက်မလောက် ကျော်လွန်နေပြီး နောက်တစ်ရက်အတွင်း ၁ လက်မလောက် ကျဆင်းလာနိုင်ကာ အဲဒီမြို့ရဲ့ စိုးရိမ်ရေမှတ်အထက်မှာ ဆက်လက် တည်ရှိနိုင်တယ်လို့ ဆိုပါတယ်။ဘီးလင်းမြစ်ရေကလည်း ဘီးလင်းမြို့မှာ အဲဒီမြို့ရဲ့ စိုးရိမ်ရေမှတ်အထက်ကို ပေဝက်လောက် ကျော်လွန်နေပြီး နောက်တစ်ရက်အတွင်း ၁ ပေလောက် မြင့်တက်လာနိုင်ကာ အဲဒီမြို့ရဲ့ စိုးရိမ်ရေမှတ်အထက်မှာ ဆက်လက် တည်ရှိနိုင်ပါတယ်။အဲဒါကြောင့် မဒေါက်မြို့၊ ရွှေကျင်မြို့၊ ဘားအံမြို့၊ မြဝတီမြို့၊ ငါးသိုင်းချောင်းမြို့နဲ့ ဘီးလင်းမြို့အတွင်းရှိ မြစ်ကမ်း အနီးနဲ့ မြေနိမ့်ပိုင်း နေထိုင်သူတွေအနေနဲ့ ရေဘေး လွတ်တဲ့ နေရာတွေကို ရှောင်ရှားကြဖို့လည်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက အသိပေး နှိုးဆော်ထားပါတယ်။