အင်ဒိုနီးရှားနိုင်ငံ ဂိုရွန်တာလိုပြည်နယ်မှာ ပြင်းအား ၆ဒသမ ၀ အဆင့်ရှိ ငလျင်တစ်ခု မေလ ၃ ရက်က လှုပ်ခတ်ခဲ့ပြီး ငလျင်ဒဏ်ကြောင့် လှိင်းကြီးနိုင်ခြေမရှိကြောင်း အင်ဒိုနီးရှားအခြေစိုက် မိုးလေဝသ၊ ရာသီဥတုနဲ့ ဘူမိရူပဗေဒ အေဂျင်စီကထုတ်ပြန်လာတာကို Xinhua သတင်းမှာဖော်ပြပါရှိပါတယ်။

ငလျင်က ဂျာကာတာ စံတော်ချိန် ၁၉ နာရီ ၅၁ မိနစ် မှာ ငလျင်ဗဟိုချက် Pohuwato Regency ရဲ့ အနောက်မြောက်ဘက် ၃၅ ကီလိုမီတာအကွာ မြေအောက်အနက် ၉၇ ကီလိုမီတာအနီး ကို ဗဟိုပြုလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။အဲဒိငလျင်လှုပ်ခတ်မှုအပြီး ဆူနာမီအန္တရာယ်မရှိကြောင်းလည်း ထုတ်ဖော်ပြောကြားထားပါတယ်။ ပြည်နယ်မြိုတော် မြောက်ဂိုရွန်တာလို နဲ့ အခြားအနီးနားတစ်ဝိုက်မြိုတွေ မှာလည်း ငလျင် ရိုက်ခတ်မှုကို ခံစားခဲ့ရတယ်လို ဒေသခံတွေက ဆိုပါတယ်။

ငလျင်က ဧရာမ လှိင်းလုံးကြီးတွေ ဖြစ်ပေါ်စေမယ့် ခြိမ်းခြောက်မှု မရှိတာကြောင့် ဆူနာမီသတိပေးချက် ထုတ်ပြန်ထားခြင်း မရှိကြောင်း အေဂျင်စီက အတည်ပြုပြောကြားထားပါတယ်။ မီးတောင် ၁၂၇ လုံးရှိတဲ့ ကျွန်းစုနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံဟာ ပစိဖိတ်မီးကွင်းတစ်လျှောက် ငလျင်လှုပ်ခတ်မှုကို မကြာခဏရင်ဆိုင် ကြုံတွေ့နေရတာဖြစ်ပါတယ်။