လွိုင်ကော်နဲ့ တနိုင်းမြို့အနီးမှာ ဒီဇင်ဘာလ ၁၈ ရက် မနက်ပိုင်းက မြေငလျင်လှုပ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၁၈ ရက်၊ မနက်အစောပိုင်း ၂ နာရီ ၃၀မိနစ်၊ ၂၂စက္ကန့်အချိန်လောက်က ကယားပြည်နယ်၊ လွိုင်ကော်မြို့ ရဲ့အနောက်မြောက် ဘက်(၁၁) မိုင်ခန့်အကွာမှာ အနက် (၉) ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၃ ဒသမ ၂ အဆင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။ဒါ့အပြင် မနက် ၇ နာရီ ၄မိနစ်နဲ့ ၃၈စက္ကန့်အချိန်လောက်ကလည်း ကချင်ပြည်နယ်၊ တနိုင်းမြို့ရဲ့ တောင်-အနောက် တောင်ဘက် (၂၆) မိုင်ခန့်အကွာမှာ အနက် (၃၆) ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၄ ဒသမ ၂ အဆင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့တယ်လို့လည်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီး ဌာနကအသိပေးထုတ်ပြန်ထားပါတယ်။




