မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်မှာ ဇူလိုင် ၂၈ ရက် မနက်ပိုင်းက အင်အား ရစ်(ခ်)တာစကေး ၄ ဒသမ ၁ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်၊၊

မဟာအောင်မြေမြို့ရဲ့ တောင်ဘက်(၁)မိုင်ခန့်အကွာ အနက် ၃၃ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာ စကေး ၄ ဒသမ ၁ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်သွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။မန္တလေးငလျင်ကြီး လှုပ်ခတ်ပြီးတဲ့နောက်ပိုင်း နောက်ဆက်တွဲမြေငလျင်ငယ်လှုပ်ခတ်မှုဟာ ဇူလိုင်(၂၈)ရက် မနက်ပိုင်းအထိ (၂၁၄)ကြိမ်ရှိပြီဖြစ်တယ်လို့လည်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက် တွေအရ သိရပါတယ်။