မြေပြိုမှုဘေးအန္တရာယ်ဟာ ဇွန်လကနေ ဩဂုတ်လတွေအတွင်းမှာအဖြစ်များတာကြောင့်သတိပြုဖို့လိုအပ်တယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက အသိပေးကြေညာထားပါတယ်။
မြေပြိုမှုဘေးဟာပစ္စည်းဥစ္စာဆုံးရှုံးမှုအလွန်နည်းပါးပေမယ့် လူသေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရရှိမှုများပြားလှတဲ့ ဘေးအန္တရာယ်ဖြစ်တယ်လို့လည်း ဆိုပါတယ်။
မြေပြိုဘေးအန္တရာယ်ဖြစ်ပွားမှုတွေအနေနဲ့ ၂၀၂၃-၂၀၂၄ ဘဏာရေးနှစ်အတွင်းမှာ တစ်နိုင်ငံလုံးအတိုင်းအတာ အနေနဲ့အကြိမ်ရေ(၂၆)ကြိမ်ဖြစ်ပွားခဲ့ပြီး လူနေအိမ်အဆောက်အဦပေါင်း(၃၆)လုံး ထိခိုက်ပျက်ဆီးခဲ့ကာလူ(၄၄) ယောက်သေဆုံးပြီး(၁၂)ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့်ပြည်သူတွေအနေနဲ့ မြေပြိုဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုတွေ လျော့နည်းသက်သာစေဖို့အတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုနဲ့ ဆောင် ရွက်နေတယ်လို့ဆိုပါတယ်။