ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ နိုဝင်ဘာတတိယ(၁၀)ရက်ပတ်အတွင်းမှာ လေဖိအားနည်း ရပ်ဝန်း(၁)ကြိမ်ဖြစ်ပေါ်နိုင်ပြီး အဲဒီကနေတစ်ဆင့်ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်ကို ရောက်ရှိနိုင် တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက နိုဝင်ဘာ(၂၁)ရက် မနက်ပိုင်းမှာ အသိပေးထုတ်ပြန် ပါတယ်။
လက်ရှိမှာ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အသင့်အတင့်ကနေ တိမ်ထူထပ်နိုင်ပြီး နိုဝင်ဘာ တတိယ(၁၀)ရက်ပတ်အတွင်း ညအပူချိန်တွေအနေနဲ့ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာ၀တီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေမှာ နိုဝင်ဘာလ ပျမ်းမျှအပူချိန်ရဲ့ ၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ်နဲ့အထက် ပိုနိုင်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)နဲ့ ချင်းပြည်နယ်တို့မှာတော့ နိုဝင်ဘာလ ပျမ်းမျှအပူချိန်ရဲ့ ၁ ဒသမ ၅ ဒီဂရီစင်တီ ဂရိတ်အောက် လျော့နည်းနိုင်ကာ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်းနဲ့အရှေ့ပိုင်း)၊ ကယားပြည်နယ်တွေမှာတော့ နိုဝင်ဘာလ ပျမ်းမျှအပူချိန်ခန့်သာ ရှိနိုင်တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်း ပြည်နယ်နဲ့ မွန်ပြည်နယ်တွေမှာ ၅ ရက်ကနေ ၉ ရက်ခန့်အထိ မနက်ပိုင်းမှာ မြူထူတွေ ဆိုင်းနိုင်ပါတယ်။ အလားတူ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နဲ့ ကရင် ပြည်နယ်တို့မှာလည်း ၁ ရက်ကနေ ၄ ရက်ခန့်အထိ မနက်ပိုင်းမှာ မြူထူတွေဆိုင်းနိုင်တယ်လို့ ထုတ်ပြန်ထား ပါတယ်။