ရန်ကုန်မြစ်အတွင်း တစ်ပတ်ကြာထူးကဲဒီရေတက်နိုင်ပေမယ့် စိုးရိမ်စရာမရှိဘူးလို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က သတိပေးချက်ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာ (၁၇)ရက်ကနေ (၂၃)ရက်အထိ ရန်ကုန်မြစ်အတွင်း အခြေခံရေစစ်မျဉ်းအထက် အမြင့်ပေ ၂၀ ဒသမ ၁၁ ပေခန့်ကနေ ၂၁ ဒသမ ၇၂ ပေခန့်အထိ သာမန်ထက်ထူးကဲဒီရေတက်နိုင်တာလို့ဆိုပါတယ်။
အရင် ၂၀၁၄-၂၀၁၅ ခုနှစ်တွေကလည်း ရန်ကုန်မြစ်အတွင်းအခြေခံ ရေစစ်မျဉ်းအထက် အမြင့်ပေ (၂၂) ပေခန့်အထိတက်ခဲ့ဖူးတာကြောင့် စိုးရိမ်ဖွယ်မရှိဘူးလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ရန်ကုန်မြစ်ရဲ့ ခန့်မှန်းဒီရေအမြင့်ဟာ အခြေခံရေစစ်မျဉ်းအထက် အမြင့်ပေ(၂၀)ကိုကျော်လွန်နိုင်တဲ့အခါ မြစ်ကမ်းနားဒေသတွေအနီးနေနိုင်ကြတဲ့ လုပ်သားပြည်သူတွေအနေနဲ့ ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်ထားနိုင်ဖို့ အခုလိုသတိပေးထုတ်ပြန်တာဖြစ်တယ်လို့ဆိုပါတယ်။