အရှေ့ဘက်နဲ့ အနောက်ဘက်က ရွေ့လျားလာတဲ့ လေပွေလှိင်းတွေရဲ့ အရှိန်နဲ့ အပူပျံတက်တိမ်တွေဖြစ်ထွန်းမှု အားကောင်းတာကြောင့် ဧပြီ၁၇ရက်ညကနေ ဧပြီ၂၁ရက်အထိ နိုင်ငံတစ်ဝန်းမှာ မိုးရွာသွန်းနိုင်တယ်လို မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဧပြီ၁၇ရက် ည၆နာရီအချိန်မှာ ထုတ်ပြန်ထားပါတယ်။

နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တိုမှာ နေရာကျဲကျဲ၊ ရန်ကုန်တိုင်းဒေသကြီးအပါအဝင် ကျန်တဲ့တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ နေရာစိပ်စိပ်မှ နေရာအနှံအပြား မိုးထစ်ချုန်းရွာပြီး တချိုဒေသတွေမှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒါကြောင့် အချိန်အခါမဟုတ် မိုးရွာသွန်းတာနဲ့အတူ လေပြင်းတိုက်တာ၊ မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာ၊ မိုးသီးကြွေတာနဲ့ မြေပြိုတာ စတဲ့မိုးလေဝသဖြစ်စဉ်တွေ ဖြစ်နိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ သတိပြုကြဖို အသိပေးထုတ်ပြန်ထားပါတယ်။