မတ်လ(၂၈)ရက်က အင်အားအလွန်ပြင်းထန်တဲ့ ငလျင်လှုပ်ခတ်ခဲ့ပြီး နောက်ဆက်တွဲငလျင်တွေအနေနဲ့ ဧပြီလ(၂)ရက် ညပိုင်းအထိ (၆)ရက်တာကာလအတွင်း အကြိမ် (၆၀) လှုပ်ခတ်ခဲ့တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။

မတ်လ(၂၈)ရက် မြန်မာစံတော်ချိန် နေ့လယ် ၁၂ နာရီ ၅၁ မိနစ် ၂ စက္ကန့် အချိန်က အင်အား ရစ်ချ်စတာစကေး ၇ ဒသမ ၇ အဆင့်ရှိတဲ့ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပြီး နောက်ဆက်တွဲ မြေငလျင်တွေ ထပ်မံလှုပ်ခတ်ခဲ့ရာ ဧပြီလ (၂)ရက် ညပိုင်းအထိ ငလျင်လှုပ်ခတ်မှု အကြိမ်ရေပေါင်း (၆၀) ရှိခဲ့တာဖြစ်ပါတယ်။

ငလျင်လှုပ်ခတ်မှုအနေနဲ့ မတ်လ(၂၈)ရက်မှာ (၁၃)ကြိမ်၊ မတ်လ(၂၉)ရက်မှာ (၁၁)ကြိမ်၊ မတ်လ(၃၀)ရက်မှာ (၁၀)ကြိမ်၊ မတ်လ(၃၁)ရက်မှာ (၁၃)ကြိမ်၊ ဧပြီလ ၁ ရက်မှာ(၇)ကြိမ်နဲ့ ဧပြီလ ၂ရက်မှာတော့ (၇) ကြိမ် စုစုပေါင်း (၆၁) ကြိမ် လှုပ်ခတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မတ်လ(၂၈)ရက်ကနေ ဧပြီလ(၂)ရက် ညနေပိုင်းအထိ လှုပ်ခတ်ခဲ့တဲ့ ငလျင်တွေအနက် ပြင်းအား ရစ်ချ်စတာ စကေး ၇ ဒသမ ၇ အဆင့်ရှိတဲ့ ငလျင်က အပြင်းထန်ဆုံးဖြစ်ပြီး အားအနည်းဆုံး လှုပ်ခတ်ခဲ့တဲ့ ငလျင်ကတော့ ရစ်ချ်စတာစကေး ၂ ဒသမ ၈ အဆင့်ရှိတယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။