မြန်မာနဲ့ နိုင်ငံတကာခရီးသွားတွေ လာရောက်တာများတဲ့ ဘန်ကောက်မြို့၊ ဖက်ချဘူရီလမ်းပေါ်က ပလက်တီနမ်ဈေးဝယ်စင်တာမှာ ဒီနေ့ ထိုင်းအချိန် မွန်းလွဲ ၂ နာရီ ၁၉မိနစ်အချိန်မှာ မီးလောင်နေတယ်လို့ ထိုင်းမီးသတ် တပ်ဖွဲ့ ထုတ်ပြန်ပါတယ်။

ပလက်တီနမ်ဈေးဝယ်စင်တာ အဆောက်အဦးအမှတ် ၂ ရဲ့ ၃ ထပ်မှာ လောင်တာလို့ အဲဒီမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားတစ်ဦးက က ပြောပါတယ်။” အခုမီးငြိမ်းသွားပြီ။ ဆိုင်မပိတ်ခဲ့ရတဲ့ သူတွေတော့ ပြန်တက်ပြီးပိတ်နေကြတယ်။ ကျွန်တော်ကတော့ ဆိုင်ပိတ်လို့မီလို့ အခုအပြင်မှာပဲ” လို့ သူကပြောပါတယ်။မီးလောင်ခဲ့တဲ့ အဆောက်အဦဘက်ခြမ်းက အလုပ်သမားအများစုကိုတော့ အလုပ်ရှင်တွေက ဆိုင်ဆက်မဖွင့်ခိုင်းဘဲ ပြန်ခိုင်းတာများ တယ်လို့ ဆိုပါတယ်။အခုလက်ရှိ ထိုင်းမီးသတ်တပ်ဖွဲ့ကတော့ မီးလောင်ရတဲ့ အကြောင်းရင်းနဲ့ မီးငြှိမ်းသတ်ပြီး နောက်ဆက်တွဲ အခြေအနေတွေကို ထုတ်ပြန်လာတာမရှိသေးပါဘူး။




