ငလျင်ဘေးသင့် နေပြည်တော်အတွက် ကယ်ဆယ်ရေးပစ္စည်းတွေနဲ့ ဆေးဘက်ဆိုင်ရာအဖွဲ့တစ်ဖွဲ့ကို နီပေါတပ်မတော်က စေလွှတ်မှာဖြစ်ကြောင်း Nepal Times သတင်းမှာ ရေးသားထားပါတယ်။

နီပေါတပ်မတော်က မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် အသက်ရှင်ကျန်ရစ်သူများကို ကုသဖို့အတွက် CASA လေယာဉ်ကို နေပြည်တော်ကို စေလွှတ်ပေးမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းမြေငလျင်ကြောင့် လက်ရှိအချိန်ထိ လူပေါင်း ၃၀၀၀ ကျော်သေဆုံးပြီး ပိတ်မိနေသူအများအပြားကတော့ သေဆုံးဖွယ်ရှိနေတယ်လို့ ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။

အပျက်အစီးတွေနဲ့ နေရပ်စွန့်ခွာရသူတွေကို အခုနှစ်မုတ်သုံရာသီမတိုင်ခင် အကူအညီတွေ အရှိန်မြှင့်ပေးဖို့ ကုလသမဂ္ဂ တာဝန်ရှိသူတွေကလည်း တိုက်တွန်း သတိပေးထားပါတယ်။