ငလျင်ဘေးသင့် မြန်မာပြည်သူတွေအတွက် ကုလသမဂ္ဂဗဟို အရေးပေါ်တုံ့ပြန်ရေး ရန်ပုံငွေမှ နောက်ထပ် ဒေါ်လာ ၅ သန်း ခွဲဝေချပေးထားတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှု ဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန် ပါတယ်။

မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်က ငလျင်ကြောင့် နိုင်ငံတစ်ဝန်း လူပေါင်း ၂ သန်းလောက်က အရေးပေါ် အကူအညီ နဲ့ အကာအကွယ်တွေ လိုအပ်နေခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အရေးပေါ်လိုအပ်မှုတွေမှာ အမိုးအကာ၊ အစားအစာ၊ ငွေသားအကူအညီ၊ အိမ်တွင်း အသုံးပြုမှုအတွက် ဘေးကင်း တဲ့ သောက်သုံးရေ၊ ကျန်းမာရေး စောင့်ရှောက်မှု နဲ့ မိလ္လာဆိုင်ရာ ပံ့ပိုးမှုတွေ ပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော် ပြထားပါတယ်။
ကုလသမဂ္ဂ နဲ့ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေဟာ ဆေးဝါးကုသရေး၊ အမိုးအ ကာ ၊ ရေသန့်၊ မိလ္လာဆိုင်ရာ အထောက်အပံ့ နဲ့ အစားအစာတွေ ပံ့ပိုးပေးနေပြီး လိုအပ်နေတဲ့သူတွေကို ဒေသဆိုင်ရာ အဖွဲ့အစည်းတွေ နဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။

ကုလသမဂ္ဂဗဟိုအရေးပေါ်တုံ့ပြန်ရေး ရန်ပုံငွေကနေ ထောက်ပံ့ထားပြီး ဖြစ်တဲ့ ဒေါ်လာ ၅ သန်းအပြင် ငလျင်တုံ့ပြန် မှုအတွက် နောက်ထပ် ဒေါ်လာ ၅ သန်း ခွဲဝေချထားပေးခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒါ့အပြင် ငလျင်ဘေးသင့် မြန်မာပြည်သူ ၁ ဒသမ ၁ သန်း ကို လူသားချင်းစာနာမှုဆိုင်ရာ ကူညီပံ့ပိုးမှုတွေ ပေးနိုင်ဖို့ အမေရိကန်ဒေါ်လာ ၂၇၅ သန်း လိုအပ်တယ်လို့ UNOCHA က ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။