အမေရိကန်ပြည်ထောင်စုမှာ H-1B Visa အစီအစဉ်ကို အရှိန်မြှင့်ဆောင်ရွက်သွားမယ်လို့ ရွေးကောက်ခံသမ္မတဒေါ်နယ် ထရမ့်ပြောပါတယ်။

H-1B Visa ဆိုတာ ပြည်ပ ကျွမ်းကျင် အလုပ်သမားတွေကို ယာယီငှားရမ်းခွင့်ပြုတဲ့ လူဝင်မှုကြီးကြပ်ရေးမဟုတ်တဲ့ ဗီဇာစနစ်ဖြစ်ပါတယ်။
ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ဟာ H-1B အလုပ်သမားဗီဇာနဲ့ ပတ်သက်ပြီး မဟာမိတ်တွေနဲ့ အကြိတ်အနယ်ငြင်းခုံမှုတွေရှိနေပေမယ့် အဆိုပါအစီအစဉ်ကို ဆက်လက်အကောင်အထည်ဖော်သွားမှာဖြစ်တယ်လို့ ပြောကြားထားပါတယ်။
ယိုယွင်းနေတဲ့ H-1B ဗီဇာအစီအစဉ်ကို ပြန်လည်ပြင်ဆင်မှုတွေပြုလုပ်ပြီးအကောင်းဆုံး ဝန်ဆောင်မှုတွေ ရွေးချယ်ပေးဆောင်သွားမယ်လို့ ထရမ့်ကဆိုပါတယ်။

အီလွန်မာ့ခ် နဲ့ ဗီဗက်ရာမာ့စ်ဝမီ အပါအဝင် ထရမ့် မဟာမိတ်တွေက H-1B Visa အစီအစဉ်က နိုင်ငံအတွက် များစွာ အကျိုးရှိစေတယ်လို့လည်း လက်ခံယုံကြည်ထားကြတာဖြစ်ပါတယ်။