မလေးရှားနိုင်ငံမှာကျင်းပနေတဲ့ Mobile Legends M6 World Championship ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု Falcon Esports အသင်းဟာ Team Spirit အသင်းကို ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခဲ့ရပါတယ်၊၊
Falcon Esports အသင်းဟာ Lower Bracket Quarter Final ပွဲစဉ်အဖြစ် Team Spirit အသင်းနဲ့ Best of 5 ရှုံးထွက်ပွဲစဉ် ကစားခဲ့ ရတာဖြစ်ပြီး Falcon Esports အသင်းက ၃ ပွဲ ၁ ပွဲဆိုတဲ့ ရလဒ်နဲ့ရှုံးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲကနေထွက်ခဲ့ရတာ ဖြစ်ပါတယ်၊၊
မလေးရှားနိုင်ငံမှာကျင်းပနေတဲ့ ဒီပြိုင်ပွဲမှာ နိုင်ငံပေါင်း(၁၂)နိုင်ငံက အသင်း(၁၆)သင်း ဝင်ရောက်ယှဉ်ပြိုင်နေကြ တာဖြစ်ပြီး ပြိုင်ပွဲရဲ့ နောက်ဆုံးဗိုလ်လုပွဲ ပွဲစဉ်ကိုတော့ ဒီဇင်ဘာလ(၁၅)ရက်မှာ ကျင်းပသွားမှာဖြစ်ပါတယ်၊၊မြန်မာ Esports လောကရဲ့ အကြီးမားဆုံးအောင်မြင်မှုကတော့ ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှာ ကျင်းပခဲ့တဲ့ Mobile Legends World Championship M2 ပြိုင်ပွဲမှာ Burmese Ghouls အသင်းက ဒုတိယနေရာ ရရှိခဲ့တာ ဖြစ်ပါတယ်၊၊