မန်ယူအသင်းဟာ အခုရာသီမှာ ခြေစွမ်းမပြနိုင်ဖြစ်နေတဲ့ တိုက်စစ်မှူး ဟွိက်လန်းကို ရောင်းချဖိုအတွက် စီးရီးအေ အသင်း ၂ သင်းနဲ့ ဆွေးနွေးတာတွေ ပြုလုပ်နေတယ်လို သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။ အသက် ၂၂ နှစ် အရွယ် ဟွိက်လန်းဟာ မန်ယူအသင်းကို ၂၀၂၃ နွေရာသီမှာ ရောက်လာခဲ့တာဖြစ်ပြီး ပထမဆုံးဘောလုံးရာသီမှာ အသင်းအတွက် ပြိုင်ပွဲစုံ ၁၆ ဂိုး သွင်းနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ မန်ယူအသင်းနဲ့ ဒုတိယမြောက်ဘောလုံးရာသီမှာ ဟွိက်လန်းအနေနဲ့ ဂိုးရဖို ရုန်းကန်နေရပြီး ပြိုင်ပွဲစုံ သွင်းဂိုး ၈ ဂိုးသာ ရထားသလို ယုံကြည်ချက်လည်း ကျဆင်း နေတာ ဖြစ်ပါတယ်။ မန်ယူအသင်းအနေနဲ့လည်း လာမယ့်နွေရာသီမှာ အသင်းကို အပြောင်းအလဲ ကြီးကြီးမားမား ပြုလုပ် ဖိုရှိနေပြီး နည်းပြ အမ်မိုရင်စိတ်ကြိုက် တိုက်စစ်မှူးတစ်ဦးကို ခေါ်ယူပေးသွားနိုင်ဖိုအတွက် ဟွိက်လန်းကို ရောင်းချဖို စဉ်းစားနေတာဖြစ်ပါတယ်။မန်ယူအသင်းဟာ ဟွိက်လန်းကို ရောင်းချနိုင်ရေးအတွက် စီးရီးအေအသင်းတွေဖြစ်ကြတဲ့ ဂျူဗင်တပ်၊ နာပိုလီ အသင်းတွေနဲ့ ဆွေးနွေးတာတွေ ပြုလုပ်နေတာဖြစ်ပါတယ်။ ဟွိက်လန်းဟာ စီးရီးအေကလပ် အတ္တလန္တာအသင်း မှာ ကစားခဲ့ဖူးသူဖြစ်လို စီးရီးအေအသင်းတွေကလည်း ဟွိက်လန်းကို စိတ်ဝင်စားမှုရှိနေတယ်လို သိရပါတယ်။