နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိင်က စစ်ကိုင်းနဲ့ မန္တလေးတိုင်းဒေသကြီးတွေမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖိုအတွက် စုစုပေါင်း ကျပ် ၁၁၀ ဘီလီယံကို ပေးအပ်ခဲ့တယ်လို သတင်းထုတ်ပြန်ပါတယ်။

ဧပြီ ၁၉ ရက်က စစ်ကိုင်းမြိုနဲ့ မန္တလေးမြိုမှာရှိတဲ့ ခရိုင်အဆင့်တာဝန်ရှိသူတွေ၊ ရပ်မိရပ်ဖတွေနဲ့ သီးခြား တွေ့ဆုံခဲ့ချိန်မှာ အခုလို ပြန်လည်ထူထောင်ရေးအတွက် ရန်ပုံငွေတွေ ပေးအပ်ခဲ့တာပါ။

စစ်ကိုင်းတိုင်းဒေသကြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအတွက် ကျပ် ဘီလီယံ ၅၀ နဲ့ မန္တလေးတိုင်းဒေသကြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအတွက် ကျပ် ဘီလီယံ ၆၀ ကို ပေးအပ်ခဲ့တာဖြစ်ပါတယ်။

မန္တလေးမြို နဲ့ စစ်ကိုင်းမြိုတွေမှာ ထိခိုက်ပျက်စီးသွားတဲ့ အဆောက်အအုံတွေ ပြန်လည်တည်ဆောက်ရာမှာ ဆောက်လုပ်ရေးလုပ်ငန်းတွေအတွက် လိုအပ်တဲ့ ဘိလပ်မြေ ၊ သံ နဲ့ သွပ်ပြားတွေကိုလည်း သင့်လျော်တဲ့ဈေးနှုန်းနဲ့ ရောင်းချပေးသွားမယ်လို ဆိုပါတယ်။

အဲဒီအပြင် ပျက်စီးသွားတဲ့လူနေအိမ်တွေကို အမျိုးအစားအလိုက် သင့်လျော်တဲ့နှုန်းထားတွေနဲ့ ငွေကြေးထောက်ပံ့ပေး သွားမယ်လိုလည်း သိရပါတယ်။

ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါမှာ ရစ်(ခ်)စတာစကေး ၈ အဆင့်ထိ ခံနိုင်တဲ့ အ ဆောက်အအုံ ၊ လမ်းတံတားတွေဖြစ်အောင် တည်ဆောက်ကြဖို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိင်က လမ်းညွှန်မှာကြားပါတယ်။
ငလျင်ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ငန်းတွေ ဆောင်ရွက်နေသလို ဒေသအလိုက်စိုက်ပျိုးမွေးမြူရေး ထွက်ကုန်တွေနဲ့ MSME ထုတ်ကုန်တွေကိုလည်း တိုးမြှင့်ထုတ်လုပ်ရာမှာ ဝိုင်းဝန်းဆောင်ရွက်ကြဖိုကိုလည်း မှာကြားခဲ့ပါတယ်။