ကရင်ပြည်နယ်၊ ဘားအံမြို့နယ်က ခရီးသွားနေရာတစ်ခုဖြစ်တဲ့ ထွန့်ပတိုင်မင်္ဂလာကန်မှာ ဩဂုတ်(၈)ရက်၊ မနက်(၇)နာရီကနေ နေ့လယ် (၁၂) နာရီအချိန်ထိ မုန့်ဟင်းခါးစားပြိုင်ပွဲ ကျင်းပသွားမှာ ဖြစ်တယ်လို့ ပြိုင်ပွဲ ကျင်းပရေး ကော်မတီက သိရပါတယ်။

အဲဒီပြိုင်ပွဲကို ဝါခေါင်လပြည့် ကရင်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာအထိမ်းအမှတ်အဖြစ် ကျင်းပတာဖြစ်ပြီး ရိုးရာပွဲ ချစ်မြတ်နိုးတဲ့ ဝါသနာရှင် ဘယ်သူမဆို တစ်ယောက်ချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ ပါဝင်ယှဉ်ပြိုင်နိုင်တယ်လို့ ဆိုပါတယ်။ ပြိုင်ပွဲမှာ မုန့်ဟင်းခါး အများဆုံး စားသုံးနိုင်တဲ့သူကို ထိုက်တန်တဲ့ဆု ချီးမြှင့်သွားမှာလည်း ဖြစ်ပါ တယ်။ပြိုင်ပွဲဝင်တွေအနေနဲ့ အနည်းဆုံး မုန့်ဟင်းခါး (၁)ပိဿာ စားသုံးနိုင်ရင် နှစ်သိမ့်ဆု ချီးမြှင့်ပေးသွားမှာ ဖြစ်တယ်လို့ ပြိုင်ပွဲ ကျင်းပရေးကော်မတီက သိရပါတယ်။




