ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှာ အခုနှစ် ဇန်နဝါရီလကနေမေလထိ (၅)အတွင်း ယာဉ်မတော်တဆမှုပေါင်း (၆၇)မှု ဖြစ်ပွားခဲ့တယ်လို့ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ကနေ သိရပါတယ်။ယာဉ်မတော်တဆမှုတွေ ဖြစ်ပွားရတဲ့အကြောင်းရင်းက အရှိန်ပြင်းပြင်းနဲ့ ပေါ့ပေါ့ဆဆ မောင်းနှင်တဲ့အတွက် ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ရာသီဥတု ပူပြင်းမှုကြောင့် ကားတာယာတွေ ပွင့်ထွက်ပြီး ယာဉ် မတော်တဆမှုဖြစ်တဲ့ ဖြစ်စဉ်တွေလည်း ပါတယ်လို့ ဆိုပါတယ်။

အခုအခါ မိုးရာသီရောက်လာပြီဖြစ်တဲ့အတွက် လမ်းချော်ပြီး ယာဉ်မတော်တဆမှုတွေ ဖြစ်တတ်တဲ့အတွက် ဂရု ပြုပြီး မောင်းနှင်ကြဖို့ လိုအပ်တယ်လို့ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးက ဒုရဲမှူး မျိုးလင်းသန့်က ပြောပါတယ်။အမြန်လမ်းမကြီးရဲတပ်ဖွဲ့အနေနဲ့ အမြန်လမ်းမကြီးတစ်လျှောက် ယာဉ်မောင်းနှင်သူတွေ ယာဉ်စည်းကမ်း လမ်း စည်းကမ်းနဲ့အညီ အသုံးပြုသွားလာနိုင်ရေးအတွက် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ဒါ့အပြင် ၂၀၂၅ ခုနှစ် ငါးလအတွင်း ဖြစ်ပွားခဲ့တဲ့ ယာဉ်မတော်တဆမှုတွေမှာ အမျိုးသား (၈၆)ယောက် နဲ့ အမျိုးသမီး (၈၅)ယောက် ထိခိုက်ဒဏ်ရာရခဲ့ပြီး သေဆုံးသူ (၂၂) ယောက် ရှိတယ်လို့ သိရပါတယ်။