ရန်ကုန်-ပဲခူး ပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဉ်အဝေးပြေးယာဉ်လိုင်းတွေကို လမ်းကြောင်းပြောင်းလဲပြေးဆွဲခဲ့ ပေမယ့် ယာဉ်စီးခပြောင်းလဲသတ်မှတ်တာ မရှိဘူးလို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) ကော်မတီဝင်(၅) ဦးဘမြင့်က ပြောပါတယ်။
အခုလို လမ်းကြောင်းပြောင်းလဲပြေးဆွဲလိုက်တဲ့အတွက် စော်ဘွားကြီးကုန်းလမ်းဆုံဘက်မှာ ယာဉ်ကြော ကျပ် တည်းတာတွေ လျော့နည်းသွားသလို အောင်မင်္ဂလာ အဝေးပြေးကားဝင်းဘက်မှာလည်း ယာဉ်ကြောပိတ်ဆို့မှု မရှိအောင် ယာဉ်လိုင်းထွက်ကားအနေနဲ့ တစ်နေ့ကို အစီးရေ ၂၀ နဲ့ ၃၀ ကြားသာ အသုံးပြုသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
လမ်းကြောင်းပြောင်းလဲပြေးဆွဲပေးမယ့် ယာဉ်စီးခပြောင်းလဲမှုမရှိသလို ပိုမို ကောက်ခံရင်လည်း အရေးယူသွား မယ်လို့ ဦးဘမြင့်က ပြောပါတယ်။
ဒဂုံဧရာအဝေးပြေးကားဝင်းကို သွားလိုသူတွေအနေနဲ့ အောင်မင်္ဂလာအဝေးပြေးကားဝင်းကနေ YBS ယာဉ်လိုင်း တွေအပါအဝင် ပဲခူး-ရန်ကုန် ယာဉ်လိုင်း ၁ လိုင်းကတော့ မူလအတိုင်း ပြးဆွဲပေးသွားမယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ပဲခူး-ရန်ကုန် ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေအနေနဲ့ ၁၀ လိုင်းရှိပြီး ပဲခူးကနေ အောင်မင်္ဂလာ ကားဝင်း ဂိတ်(၁) စခန်းအထိကို အမှတ် ၃ လမ်းမကြီးအတိုင်း ယာဉ်လိုင်း ၉ လိုင်းနဲ့ ပြေးဆွဲပေးသွားမှာဖြစ်ပြီး ယာဉ်စီးခအနေနဲ့ အရင်ဈေးနှုန်းအတိုင်း ၃၀၀၀ ကျပ်သာ ကောက်ခံရမှာဖြစ်တယ်လို့ သိရပါတယ်။