မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဆင်ရွာရေတံခွန်မှာ ဇူလိုင်လ ၂၁ရက် နေ့လယ်ပိုင်းက အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ယောက် ရေထဲပြုတ်ကျ သေဆုံးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ သွားရောက် ဆောင်ရွက်ခဲ့တဲ့ ပေါင်မြို့နယ်မီးသတ်ဦးစီးဌာန ကနေ သိရပါတယ်၊၊
ဖြစ်စဉ်မှာ ဇူလိုင်လ ၂၁ ရက်၊ နေ့လယ် ၂ နာရီ ၁၅ မိနစ်အချိန်လောက်က မွန်ပြည်နယ်၊ ပေါင်မြို့နယ် ဆင်ရွာ ရေတံခွန်မှာ မိန်းကလေးတစ်ယောက် ရေထဲပြုတ်ကျပြီး ကျောက်တုံးကြားထဲမှာ ညှပ်ပြီး သေဆုံး ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်၊၊
အဲ့ဒီလိုကျောက်တုံးကြားထဲမှာ ညှပ်ပြီး သေဆုံးနေတဲ့ မိန်းကလေးရဲ့ အလောင်းကို ပေါင်မြို့နယ် မီးသတ်ဦးစီး ဌာနက ကယ်ဆယ်ထုတ်ယူရာမှာ အချိန် ၂ နာရီကြာ ထုတ်ယူခဲ့ရပြီး ရေစီးသန်နေတဲ့အတွက် ထုတ်ယူမရ ဖြစ်နေကာ ရေလမ်းကြောင်းလွဲပြီး ဆယ်ယူနိုင်ဖို့ ရွာသားတွေနဲ့အတူ ဝိုင်းဝန်ကူညီဆောင်ရွက်နေတယ်လို့ သိရပါတယ်၊၊
သေဆုံးသူ မိန်းကလေးဟာ အသက်(၁၄)နှစ်အရွယ်မိန်းကလေးတစ်ယောက်ဖြစ်ပြီး မုဒုံမြို့နယ်မှာ နေထိုင်သူ ဖြစ်တယ်လို့လည်း သိရပါတယ်။