မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောကို အာဆီယံအမွေအနှစ်ဥယျာဉ် တည်ထောင်နိုင်ရေး ဆောင်ရွက် နေတယ်လို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက သိရပါတယ်။
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်နဲ့ ဝေါမြို့နယ်အတွင်းတည်ရှိတဲ့ မိုးယွန်းကြီးအင်း ဘေးမဲ့တောကို အာဆီယံအမွေ အနှစ်ဥယျာဉ်အဖြစ် သတ်မှတ်ခံရဖို့ သယံဇာတနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက အာဆီယံ ဇီဝမျိုးစုံမျိုးကွဲဗဟိုဌာနနဲ့ ဆက်သွယ်ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
မိုးယွန်းကြီးအင်း ဘေးမဲ့တောကို အာဆီယံ အမွေအနှစ်ဥယျာဉ်အဖြစ် သတ်မှတ်ခံရဖို့အတွက် သစ်တောဦးစီးဌာန၊ သဘာဝပတ်ဝန်းကျင်နဲ့ သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနဟာ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်နေသလို အာဆီယံ ဇီဝမျိုးစုံမျိုးကွဲဗဟိုဌာနကလည်း ပူးပေါင်းကူညီဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။
မိုးယွန်းကြီးအင်း ဘေးမဲ့တောအတွင်း နို့တိုက်သတ္တဝါမျိုးစိတ် ၁၂၀၊ ကုန်းနေ၊ ရေနေနဲ့ တွားသွားသတ္တဝါ ၂၈ မျိုး၊ အင်းဆတ် ၃၃ မျိုး၊ ဆောင်းခိုငှက် ၅၉ မျိုး၊ ဌာနေငှက် ၇၇ မျိုး၊ ငါး ၄၄ မျိုး နဲ့ ရေနေပင် ၇၄ မျိုး ရှိတယ်လို့ သိရ ပါတယ်။