ရန်ကုန်တိုင်းဒေသကြီးအတွင်းပြေးဆွဲနေတဲ့ YBS ယာဉ်တွေကို အသုံးပြုသွားလာနေကြတဲ့ပြည်သူတွေ လုံခြုံစိတ် ချစွာ လိုက်ပါစီးနင်းနိုင်ဖို့ YBS ယာဉ်အားလုံးနီးပါးမှာ CCTV ကင်မရာတွေ တပ်ဆင်ထားပြီး ဖြစ်တယ်လို့ YRTC တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောပါတယ်။
စက်မတပ်ရသေးတဲ့ ယာဉ်တွေကလည်း စာချုပ် ချုပ်ဆို ထားပြီး စက်ပစ္စည်းရောက်ရှိဖို့ အခက်အခဲရှိနေတာကြောင့် ယာဉ်အနည်းငယ်သာ ကျန်ရှိနေတယ်လို့ ဆိုပါတယ်။
CCTV တွေ တပ်ဆင်တာဟာ ယာဉ်မောင်းတွေရဲ့ မဆင်မခြင်မောင်းနှင်တာတွေနဲ့ ခရီးသွားပြည်သူတွေရဲ့ လုံခြုံရေးအတွက် ဖြစ်တယ်လို့ ဆိုပါတယ်။
YBS ယာဉ်အားလုံးမှာ CCTV တပ်ဆင်ဖို့ ဇွန်လကုန်အပြီး ဆောင်ရွက်ဖို့ ညွှန်ကြားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်းဒေကြီးအတွင်းမှာ ယာဉ်လိုင်း ကုမ္ပဏီ ၂၁ ခုကနေ ယာဉ်လိုင်းပေါင်း ၁၃၁ လိုင်းက ယာဉ်အစီးရေ ၃၈၀၀ ကျော်နဲ့ ခရီးသွားပြည်သူ ၁ ဒသမ ၅ သန်းခန့်ကို နေ့စဉ်ပို့ဆောင်ပေးနေတာဖြစ်တယ်လို့ သိရပါတယ်။