နှစ်သစ်ကူးရုံးပိတ်ရက်ကာလအတွင်း ခရီးသွားပြည်သူတွေနဲ့ ဌာနဆိုင်ရာဝနထမ်းတွေ အဆင်ပြေစွာ ခရီးသွားလာနိုင်ဖိုအတွက် ရန်ကုန်-ပြည်နဲ့ ရန်ကုန်-မော်လမြိုင် အထူးရထားခရီးစဉ်တွေကို ပြေးဆွဲပေးမယ်လို မြန်မာ့မီးရထားက ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ၂၇ရက်မှာ ရန်ကုန်-မော်လမြိုင်အဆန် အထူးရထား၊ မော်လမြိုင်-ရန်ကုန်အစုန်အထူးရထား၊ ဒီဇင်ဘာ၂၈ရက်မှာ ရန်ကုန်-မော်လမြိုင် အဆန်အထူးရထား၊ မော်လမြိုင်-ရန်ကုန် အစုန်အထူးရထား၊ ရန်ကုန်-ပြည် အဆန်အထူးရထား၊ ၂၀၂၅ခုနှစ် ဇန်နဝါရီ၁ရက်မှာ ရန်ကုန်-မော်လမြိုင် အဆန်အထူးရထား၊ မော်လမြိုင်-ရန်ကုန် အစုန်အထူးကထားနဲ့ ပြည်-ရန်ကုန် အစုန်အထူးရထားတွေကို ပြေးဆွဲသွားမှာဖြစ်နယ်လို ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရန်ကုန်-မော်လမြိုင်အထူးရထားဟာ ရန်ကုန်ဘူတာကြီးကနေ မနက်၇နာရီ၄၅မိနစ်၊ မော်လမြိုင်-ရန်ကုန် အစုန်အထူးရထားဟာ မော်လမြိုင်ဘူတာကနေ မနက်၉နာရီ၁၅မိနစ်၊ ရန်ကုန်-ပြည် အဆန်အထူးရထားဟာ ရန်ကုန်ဘူတာကြီးကနေ မွန်းလွဲ၁နာရီ၊ ပြည်-ရန်ကုန်အထူးရထားဟာ ပြည်ဘူတာကနေ ည၁၀နာရီခွဲတိုမှာ အသီးသီးထွက်ခွာမှာဖြစ်တယ်လို သိရပါတယ်။
အဲ့ဒီနေ့တွေမှာ အထူးရထားတွေအပြင် နေ့စဉ်ပြေးဆွဲနေတဲ့ အမှတ်၈၉အဆန်/ အမှတ်၉၀အစုန် ရန်ကုန်-မော်လမြိုင်ရထား၊ အမှတ်၇၁အဆန်/၇၂အစုန် ရန်ကုန်-ပြည်ရထားတွေလည်း ပုံမှန်အတိုင်းပြေးဆွဲသွားမယ်လို ဆိုပါတယ်။ဒါ့အပြင် အမှတ်၂၅အဆန်/၂၆အစုန်နေပြည်တော်-မန္တလေး RBEရထားကို ဒီဇင်ဘာ၂၃ရက်ကစပြီး နေ့စဉ်ပြေးဆွဲပေးနေသလို အမှတ်၃၀၁အဆန် သာစည်-မန္တလေး RBEရထားကိုလည်း နိုဝင်ဘာ၁၁ရက်ကစပြီး နေ့စဉ်ပြေးဆွဲပေးနေတယ်လို ဖော်ပြထားပါတယ်။
ရန်ကုန်-မန္တလေး-ရန်ကုန် ပုံမှန်ပြေးဆွဲနေတဲ့ရထားတွေမှာလည်း ခရီးသွားပြည်သူတွေ လိုက်ပါစီးနင်းမှုအပေါ်မူတည်ပြီး ဝန်ချိန်ပြည့်တွဲဆိုင်းတွေ တိုးချဲ့ချိတ်ဆက်ပြေးဆွဲပေးသွားမှာဖြစ်တယ်လို သိရပါတယ်။ရထားလက်မှတ်တွေကို အထက်တန်းအတွက် ၃ရက်ကြို၊ ရိုးရိုးတန်းအတွက် ၁ရက်ကြို ရောင်းချပေးသွားမှာဖြစ်ပြီး လက်မှတ်ခနှုန်းထားတွေကတော့ ပုံမှန်ပြေးဆွဲနေတဲ့ ရထားလက်မှတ်ခနှုန်းထာတွေအတိုင်းဖြစ်တယ်လို ထုတ်ပြန်ထားပါတယ်။