လာမယ့်မဟာသင်္ကြန်ပွဲတော်ကာလမှာ ပြည်ပခရီးသွားတွေ မြန်မာနိုင်ငံကို လာရောက်လည်ပတ်နိုင်ဖို့အတွက် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(ဗဟို)ရဲ့ ဒုတိယဥက္ကဋ္ဌ ၂ ဒေါက်တာကျော်မင်းထွန်းက ပြောပါတယ်။မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ဟာ UNESCOရဲ့ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် ပွဲတော်တစ်ခုဖြစ်သွားတာကြောင့် သင်္ကြန်ပွဲတော်ကို ပြည်ပခရီးသွားတွေ လာရောက်လည်ပတ်နိုင်ဖို့ ဆောင်ရွက်နေတာပါ။
ဒီလိုဆောင်ရွက်ရာမှာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနရဲ့လမ်းညွှန်မှု၊ အများပြည်သူရဲ့ ပူးပေါင်းပါဝင်မှုနဲ့အတူ ဟိုတယ်လုပ်ငန်းရှင်တွေက ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဒေါက်တာကျော်မင်းထွန်းက ပြောပါတယ်။ မြန်မာ့ခရီးသွားလုပ်ငန်း ပြန်လည်ကောင်းမွန်လာဖို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနနဲ့အတူ ညီနောင်အသင်းတွေနဲ့ပူးပေါင်းပြီး ဆက်လက်ဆောင်ရွက်သွားရမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။
မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ်က ပြည်ပခရီးသွား၁သန်းကျော် ဝင်ရောက်ခဲ့ပြီး အခု၂၀၂၄ခုနှစ် ပထမငါးလအတွင်း ပြည်ပခရီးသွား ငါးသိန်းကျော် ဝင်ရောက်ခဲ့တယ်လို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။