ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၂၉၀)အနီးမှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂ ရက် နေ့လယ်ပိုင်းက ယာဉ်တစ်စီးတိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး အဲဒီဖြစ်စဉ်မှာ လူတစ်ယောက် သေဆုံးကာ (၃)ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ ၂ ရက် နေ့လယ်၂ နာရီ ၄၅ မိနစ်အချိန်လောက်က မန္တလေးဘက်ကနေ နေပြည်တော်ဘက် ကို မောင်းနှင်လာတဲ့ CHEVROLET MALIBU အမျိုးအစားယာဉ်ဟာ ရန်ကုန်-မန္တလေးအမြန် လမ်းမကြီး၊ မိုင်တိုင် အမှတ်(၂၉၀)အနီးမှာ ယာဉ်မောင်းအိပ်ငိုက်ပြီး လမ်းလယ်ကျွန်းကို ဝင်ရောက်တိုက်မိရာကနေ တိမ်းမှောက်မှု ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်၊၊အခင်းဖြစ်နေရာကို သီးကုန်းအမြန်လမ်းမီးသတ်စခန်းက မီးသတ်ယာဉ်(၁)စီးနဲ့ ရှာဖွေကယ်ဆယ် ရေးတပ်ဖွဲ့ဝင် တွေက ကယ်ဆယ်ရေးလုပ်ငန်းတွေ သွားရောက်ဆောင်ရွက်ခဲ့ရပြီး ယာဉ်ပေါ်ပါလာသူ (၄)ယောက်အနက် အမျိုး သမီး(၁)ယောက် သေဆုံးပြီး (၃)ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်၊၊

သေဆုံးရုပ်အလောင်းနဲ့ဒဏ်ရာရရှိသူတွေကိုတော့ ပြည်သာယာလူမှုကူညီရေးအသင်းက သူနာတင်ယာဉ်နဲ့ မိတ္ထီလာမြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်၊၊အမြန်လမ်းမကြီးမှာ ယာဉ်တိုက်မှုဖြစ်စဉ်တွေ ဖြစ်ပွားနေတာတွေနဲ့ပတ်သက်လို့ အမြန်လမ်းမကြီးမှာ မောင်းနှင် နေတဲ့ ယာဉ်မောင်းတွေအနေနဲ့ သတိပြုဆင်ခြင်မောင်းနှင်းကြဖို့လိုတယ်လို့ ပြည်သူတစ် ယောက်ကလည်း သူအမြင်ကို ပြောပါတယ်၊၊

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက် မနက်အစောပိုင်း ၃ နာရီခွဲအချိန်လောက်က ရန်ကုန်-မန္တလေးအမြန် လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၁၇)မိုင်အနီးမှာ Express ယာဉ်တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာမှာလည်း ခရီးသည် အမျိုးသမီး တစ်ယောက် သေဆုံးခဲ့ပြီး (၃၄)ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်၊၊